ပညာရေး၀န်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ
နောက်ခံသမိုင်း
အဆင့်မြင့်ပညာကဏ္ဍကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း ဦးဆောင်၍ ဘာသာရပ်ပညာရှင်များဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ အဆင့်မြင့်ပညာကဏ္ဍကို ကြားကာလအတွင်း ဌာန/ရုံး/အဖွဲ့ (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အဆင့်မြင့်ပညာရေး စနစ်ကို ထိထိရောက်ရောက် လည်ပတ်နိုင်စေရန်အတွက် သဘောသဘာဝ မတူညီသော စုံလင်ကွဲပြားသည့် အသက်မွေးဝမ်း ကျောင်းပညာရပ်များ၊ ပညာရေး ဘာသာရပ်များနှင့် ကြားကာလတက္ကသိုလ် ကောင်စီများမှပညာရှင်များဖြင့် ကြားကာလ ပညာရေးလုပ်ငန်းများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက် လုပ်ဆောင်ရန်ဖွဲ့စည်းခဲ့ပါသည်။ အဆင့်မြင့်ပညာကဏ္ဍ၏ စီမံခန့်ခွဲမှုရုံးအဖွဲ့များကို အဆင့်မြင့်ပညာ ကဏ္ဍရုံးအဖွဲ့မှ အဆင့်မြင့်ပညာဌာနအဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထို အဆင့်မြင့်ပညာဌာနကို ကြားကာလအတွင်း အောက်ဖော်ပြပါ ဌာန (၉)ခု၊ အဖွဲ့ (၇) ဖွဲ့နှင့် ပူးပေါင်း တာဝန်ထမ်းဆောင်သောအဖွဲ့ငယ် (၃)ဖွဲ့တို့ ဖြင့် ပြန်လည်ဖွဲ့စည်းထားပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၈) ရက်မှ စတင်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ဆရာမ ဂျာထွယ်ပန်က တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။
ဖွဲ့စည်းပုံဇယား
ဌာနများ
- ပညာရေးဌာန
- ဘဏ္ဍာရေးဌာန
- မူဝါဒရေးရာဌာန
- စီဒီအမ်ရေးရာနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန
- သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန
- နည်းပညာနှင့်ပြည်သူ့ဆက်ဆံရေးဌာန
- နိုင်ငံတကာရေးရာဌာန
- လေ့လာဆန်းစစ်အကဲဖြတ်ဌာန
စံတန်ဖိုး၊ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များ
- စုံလင်ကွဲပြားခြင်းနှင့် အကျိုးသက်ဆိုင်သူများပါဝင်ခြင်း
- အဖွဲ့အစည်းများ၏ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်
- ဘာသာရပ်ဆိုင်ရာလွတ်လပ်ခွင့် တန်းတူညီမျှမှုနှင့်သာတူညီမျှမှု
- ပညာသင်ယူခွင့်ဆုံးရှုံးနေသော ကျောင်းသားများအတွက် စဉ်ဆက်မပြတ် ပညာရေးလိုအပ် ချက် များကို ဖြည့်ဆည်းပေးရန်။
- တော်လှန်ရေးအောင်မြင်စေရေးအတွက် အထောက်အကူပြုသော ချိတ်ဆက်မှု၊ သင်ကြားပေး မှု များ ပြုလုပ်ရန်။
- အသွင်ကူးပြောင်းရေးအတွက်လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ အထောက်ကူပြု သင်တန်း များ၊ သုသေသနများ ပြုလုပ်ဆောင်ရွက်ပေးရန်။
- ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို အထောက်ကူပြုသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရန်။
- စုံလင်ကွဲပြားမှုကို အခြေတည်သော ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဘောင်များချမှတ်၍ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိပြီး အရည်အသွေး ပြည့်ဝသော ပညာရေးစနစ်ကို အကောင်အထည် ဖော်နိုင်ရေးဆောင်ရွက်ရန်။
လုပ်ငန်းစဉ်များ
- စုံလင်ကွဲပြားမှုကို အခြေခံသော ဖက်ဒရယ်ဒီမိုကရက်တစ်ပညာရေးစနစ် ပေါ်ထွန်းရေးအ တွက် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒနှင့်အညီ အခြေခံအုတ်မြစ်ကောင်းများ ကို တည် ဆောက် ရန်။
- စီဒီအမ်ဆရာ/မများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများအတွက် လိုအပ်သော ထောက်ပံ့မှု များ၊ အသိပညာ ဗဟုသုတများနှင့် လက်တွေ့အသုံးချနိုင်ရေးအတွက် သင်တန်းများပေးခြင်း နှင့် ပံ့ပိုးမှုများ ကူညီချိတ်ဆက်လုပ်ဆောင်ရန်။
- အဆင့်မြင့်ပညာသင်ယူနေသောကျောင်းသား/သူများအတွက် လွတ်လပ်စွာပညာသင်ယူခွင့် အခွင့်အလမ်းများဖန်တီးပေးရန်။
- နိုင်ငံတော်တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်အသိပညာရှင်/အတတ် ပညာရှင်များ ပိုမိုထွန်းကားနိုင်ရေးတို့အတွက်လိုအပ်သော ပညာရပ်များကို ကျောင်းသား ကျောင်းသူများ၏ လိုအပ်ချက်များနှင့် အညီသင်ယူနိုင်ခွင့်အခွင့်အလမ်း များ ချိတ်ဆက် လုပ်ဆောင်ပေးရန်။
- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိသော အဆင့်မြင့်ပညာသင်ကြားရေး အဖွဲ့ အစည်း များခိုင်မာအားကောင်းလာအောင်ပံ့ပိုးကူညီရန်။
- သုတေသနနှင့် ပညာအရည် အသွေးမြင့်မားသော အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ ပေါ်ထွန်း လာရေးအတွက် အားပေးချိတ်ဆက်လုပ်ဆောင်ရန်။
- ဒေသတွင်း နှင့် နိုင်ငံတကာတို့တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အသိပညာရှင်၊ အတတ်ပညာရှင် များ ပေါ်ထွန်းလာစေရေး အားပေးချိတ်ဆက်လုပ်ဆောင်ရန်။
- တော်လှန်ရေးကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်ဆုံးရှုံးနေ သော ကျောင်းသားများအတွက် ပညာရေးအာမခံချက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရေး ချိတ်ဆက်လုပ်ဆောင်ရန်။
အဆင့်မြင့်ပညာဌာနသည် အောက်ဖော်ပြပါမဟာဗျူဟာ (၇)ခုဖြင့် ပညာရေးလုပ်ငန်းများကို အကောင် အထည်ဖော် လုပ်ဆောင် လျက်ရှိပါသည်။
- မဟာဗျူဟာ(၁) ကြားကာလ ပညာရေးဝန်ဆောင်မှုပေးခြင်း။( အခြေခံပညာကဏ္ဍ၊ အဆင့်မြင့် ပညာကဏ္ဍ၊ သက်မွေးပညာကဏ္ဍ၊ ဆရာအတတ်သင်ပညာ ကဏ္ဍ)
- မဟာဗျူဟာ(၂) အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) ထောက်ပံ့ခြင်း
- မဟာဗျူဟာ(၃) မဟာဗျူဟာနှင့် မူဝါဒရေးရာ ကိစ္စရပ်များဆောင်ရွက်ခြင်း
- မဟာဗျူဟာ(၄) သုတေသနဖွံ့ဖြိုးရေး၊ လေ့လာဆန်းစစ်ခြင်းနှင့်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ခြင်း
- မဟာဗျူဟာ(၅) ဘဏ္ဍာရေးနှင့်အရင်းအမြစ်များစီမံခန့်ခွဲခြင်း
- မဟာဗျူဟာ(၆) လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးစေရန် ဆောင်ရွက်ခြင်း
- မဟာဗျူဟာ(၇ ) နိုင်ငံတကာရေးရာကိစ္စရပ်များဆောင်ရွက်ခြင်း
ဘာသာရပ်ဘုတ်အဖွဲ့များ
- စာရင်းအင်းပညာနှင့် လူဦးရေလေ့လာမှုပညာ ဘာသာရပ်ဘုတ်အဖွဲ့ (Statistics and Population Studies BOE)
- စီးပွားရေးနှင့်စီမံခန့်ခွဲမှုသိပ္ပံဘာသာရပ်ဘုတ်အဖွဲ့ (Business and Management Sciences BOE)
- ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု ဘာသာရပ်ဘုတ်အဖွဲ့ (Public Administration BOE)
- ဖွံ့ဖြိုးမှုပညာဘာသာရပ်ဘုတ်အဖွဲ့ (Development Studies-BOE)
- ဘောဂဗေဒဘာသာရပ်ဘုတ်အဖွဲ့ (Economics BOE)
- စာကြည့်တိုက်ပညာ (Library Science BOE)
- စိတ်ပညာဘာသာရပ်ဘုတ်အဖွဲ့ (Psychology BOE)
- ဒဿနိကဗေဒဘာသာရပ်ဘုတ်အဖွဲ့ (Philosophy BOE)
- နိုင်ငံတကာဆက်ဆံရေးပညာနှင့် နိုင်ငံရေးသိပ္ပံဘာသာရပ်ဘုတ်အဖွဲ့ (International Relations and Political Sciences BOE)
- ပထဝီဝင်နှင့်ပတ်ဝန်းကျင်လေ့လာရေးပညာဘာသာရပ်ဘုတ်အဖွဲ့ (Geography and Environmental Studies BOE)
- မြန်မာစာဘာသာရပ်ဘုတ်အဖွဲ့ (Myanmarsar BOE)
- သမဝါယမပညာဘာသာရပ်ဘုတ်အဖွဲ့ (Cooperative BOE)
- သမိုင်းဘာသာရပ်ဘုတ်အဖွဲ့ (History BoE)
- အနုပညာဘာသာရပ်ဘုတ်အဖွဲ့ (Perfoming Arts and Visual Arts BOE)
- အရှေ့တိုင်းပညာဘာသာရပ်ဘုတ်အဖွဲ့ (Oriental Study BoE)
- အင်္ဂလိပ်စာဘာသာရပ်ဘုတ်အဖွဲ့ (English BoE)
- ဥပဒေပညာဘာသာရပ်ဘုတ်အဖွဲ့ (Legal Education BoE)
- ကုန်ထုတ်ဓါတုဗေဒ ဘာသာရပ်ဘုတ်အဖွဲ့ (Industrial Chemistry BOE)
- ကွန်ပျူတာသိပ္ပံဘာသာရပ်အဖွဲ့ (Computer Science Studies BOE)
- စိုက်ပျိုးရေးသိပ္ပံ ဘာသာရပ်များ ဘုတ်အဖွဲ့ (Agricultural Sciences BOE)
- ဇီဝဓါတုဗေဒ ဘာသာရပ် ဘုတ်အဖွဲ့ (Biochemistry BOE)
- ဓာတုဗေဒဘာသာရပ်ဘုတ်အဖွဲ့ (Chemistry and Biochemistry BOE)
- ဘူမိသိပ္ပံဘာသာရပ်ဘုတ်အဖွဲ့ (Geosciences BOE)
- ရုက္ခဗေဒနှင့် အဏုဇီဝဗေဒဘာသာရပ်ဘုတ်အဖွဲ့ (Botany and Microbiology BOE)
- ရူပဗေဒဘာသာရပ်ဘုတ်အဖွဲ့ (Physics BOE)
- သင်္ချာဘာသာရပ်ဘုတ်အဖွဲ့ (Mathematics BOE)
- သတ္တဗေဒ ဘာသာရပ်ဘုတ်အဖွဲ့ (Zoology BOE)
- အဏ္ဏဝါသိပ္ပံဘာသာရပ်ဘုတ်အဖွဲ့ (Marine Science BoE)
- တိုင်းရင်းဆေးပညာဘာသာရပ်ဘုတ်အဖွဲ့ (Traditional Medicine BOE)
- သွားဘက်ဆိုင်ရာဆေးပညာဘာသာရပ်ဘုတ်အဖွဲ့ (Dental Medicine BOE)
- သူနာပြုဘာသာရပ်ဘုတ်အဖွဲ့ (Nursing BOE)
- လျှပ်စစ်စွမ်းအင် အင်ဂျင်နီယာဘာသာရပ်ဘုတ်အဖွဲ့ (ELectrical Power Engineering BOE)
