ဂျာထွယ်ပန်

ဒေါ်ဂျာထွယ်ပန်

ပြည်ထောင်စုဝန်ကြီး

ဒေါ်ဂျာထွယ်ပန်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး တာဝန်ယူရသူဖြစ်သည်။ ဒေါ်ဂျာထွယ်ပန်သည် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ လန်ဒန်ကျောင်း (The London School of Economics and Political Science – LSE ) မှ လူမှုမနုဿဗေဒ (Social Anthropology of Learning and Cognition) ဘာသာရပ် ဘွဲ့လွန်သင်တန်း၊ အမေရိကန်နိုင်ငံရှိ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ် (Northern Illinois University) မှလည်း မနုဿဗေဒဖြင့် မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။ ကချင်ဒေသ မိုင်ဂျာယန်အခြေစိုက် School of Intensive English Programs (IEP) ကျောင်းတွင် ညွှန်ကြားရေးမှူးအဖြစ်၎င်း၊ ထိုကျောင်းကိုအဆင့်မြှင့်တင်ထားသော Institute of Liberal Arts and Science ၏ ညွှန်ကြားရေးမှူးအဖြစ်၎င်း၊ Kachinland Research Center တွဲဘက်ညွှန်ကြားရေးမှူး အဖြစ်၎င်း လုပ်ကိုင်ခဲ့ဖူးပြီး၊ နိုင်ငံတကာ သုတေသန ဂျာနယ်များတွင်  သုသေသနစာတမ်းများစွာကို ရေးသားထုတ်ဝေခဲ့သည်။ ကချင်ဒေသတွင်း ပညာရေးမူဝါဒရေးဆွဲရေး လုပ်ငန်း၊ မိခင်ဘာသာစကားအခြေပြု အခြေခံပညာ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းလုပ်ငန်းများ တွင်လည်းပါဝင်ခဲ့သည်။