အဆင့်မြင့်ပညာဌာန
- ပင်မ
-
ဌာနမိတ်ဆက်
- လက်ရှိသင်တန်းများ
- တက္ကသိုလ်ဝင်ခွင့်
- သုတေသနများ
- ပူးပေါင်းဆောင်ရွက်မှုများ
- Library & E-Resources
- ဆက်သွယ်ရန်
အဆင့်မြင့်ပညာဌာန
ကျွန်ုပ်တို့၏ ဘာသာရပ်ဘုတ်အဖွဲ့များ၊ တက္ကသိုလ်များသည် အဆင့်မြင့်ပညာရေးကို အခြေခံ၍ အသိပညာ၊ ကျွမ်းကျင်မှုနှင့် လူမှုအကျိုးပြုတန်ဖိုးများကို တိုးတက်မြှင့်တင်နိုင်သော လူ့အရင်းအမြစ်များ ကို မွေးထုတ်ပေးရန် ရည်ရွယ်ထားသော ပညာရေးအဖွဲ့အစည်းများဖြစ်ပါသည်။
ဒီဂျစ်တယ်နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် ယနေ့ခေတ်တွင် Online Education သည် ပညာရေးကို အချိန်၊ နေရာ အကန့်အသတ်မရှိ သင်ယူနိုင်စေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ဘာသာရပ်ဘုတ်အဖွဲ့များ၊ တက္ကသိုလ်များသည် ကြားကာလ တွင်အခြေအနေတွင် အရည် အသွေးမြင့် Online Higher Education နှင့် Onground Higher Education များကို အခြေခံ၍ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေး လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ Academic Programs များသည် နိုင်ငံတကာပညာရေးစံနှုန်းများနှင့် ကိုက်ညီစေရန် ဒီဇိုင်းဆွဲထားပြီး သင်ကြားရေးနည်းလမ်းများတွင် Interactive Learning၊ Virtual Collaboration နှင့် Research-based Learning များကို ပေါင်းစည်းထားပါသည်။ ထိုကဲ့သို့သော ပညာရေးပတ်ဝန်းကျင်သည် ကျောင်းသားများကို ကိုယ်တိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း၊ နည်းပညာအသုံးချနိုင်စွမ်းနှင့် အသက်မွေးဝမ်း ကျောင်း အတွက် လိုအပ်သော ကျွမ်းကျင်မှုများကို တိုးတက်စေရန် ကူညီပေးပါသည်။
ထို့အပြင် ဆရာ၊ ဆရာမများနှင့် Academic Staff များသည် Online Teaching အတွက် အထူးပြင်ဆင်လေ့ကျင့်ထားပြီး ကျောင်းသားများ၏ သင်ယူမှုအတွေ့အကြုံကို ထိရောက်စေရန် အမြဲတမ်း ဆောင်ရွက်လျက်ရှိပါသည်။ Online Learning သည် သင်ကြားရေးနည်းလမ်းတစ်ခုသာမက Lifelong Learning ကို မြှင့်တင်ပေးသော လမ်းကြောင်းတစ်ခုဖြစ်သည်ဟု ယုံကြည်ပါသည်။
ကျွန်ုပ်တို့၏ Education Platform ကို ယုံကြည်အားထား၍ ပူးပေါင်းပါဝင်ကြသော ကျောင်းသားများ၊ မိဘများ၊ ပညာရေးမိတ်ဖက်များအားလုံးကို လေးစားစွာ ကျေးဇူးတင်အပ်ပါသည်။ အနာဂတ်တွင်လည်း နည်းပညာနှင့် ပညာရေးကို ပေါင်းစည်းကာ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင် သော အရည်အသွေး မြင့်သင်ကြားရေး အစီအမံများကို ဆက်လက်ဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ပါ သည်။
အဓိပတိ (အဆင့်မြင့်ပညာဌာန)
ရည်မှန်းချက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာကဏ္ဍ၊ အဆင်မြင့် ပညာဌာန (HE Academic Department) ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ပညာရေးဝန်ကြီးဌာန၏ အဓိကဦးစားပေးလုပ်ငန်းစဉ်များမှ ပညာရေးနှင့်သက်ဆိုင် သော လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန်
- ပညာရေးအဖွဲ့အစည်းများအားလုံးနှင့်လက်တွဲ၍ ပြည်သူများအတွက် အခြေအနေ အချိန် အခါနှင့်ကိုက်ညီသော ပညာရေးဝန်ဆောင်မှုများကို တတ်စွမ်းသမျှပေးရန်
- ဖက်ဒရယ်ပညာရေးသဘောတရားကို အခြေခံသည့် ပညာရေးဝန်ဆောင်မှုများကို အကောင်အထည်ဖော်ရန်
မဟာဗျူဟာမျှော်မှန်းချက်များ
အဆင့်မြင့်ပညာဌာန (HE Academic Department) အနေဖြင့် အောက်ဖေါ်ပြပါ မဟာဗျူဟာ ရည်မှန်းချက်များကို ချမှတ်အကောင် အထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်သည်။
- တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက် တန်းတူညီမျှသော ပညာရေးစနစ်တစ်ရပ် ဖော်ဆောင်ရန်။
- လွတ်လပ်စွာသင်ကြား၊ သင်ယူခွင့်ရှိသည့် ပညာရေးလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ဆောင်ရန်။
- ပြည်တွင်း၊ ပြည်ပ မိတ်ဖက်ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်။
- ပြောင်းလဲလာသည့် ခေတ်၏လိုအပ်ချက်နှင့်အညီ ဖက်ဒရယ်ပညာရေးစနစ်တစ်ရပ်ကို လိုက်လျောညီတွေတည်ဆောက်လည်ပတ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်ရန်။
နည်းဗျူဟာများ
အဆင့်မြင့်ပညာဌာန (HE Academic Department) အနေဖြင့် ချမှတ်ထားသော မဟာဗျူဟာ ရည်မှန်းချက်များကို အောက်ဖော်ပြပါ နည်းဗျူဟာ (၇) ရပ်ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက် သွားမည်ဖြစ်သည်။
- Online နှင့် On-Ground ပညာရေးဝန်ဆောင်မှုများပေးခြင်း
- ခိုင်မာသောပညာရေးလုပ်ငန်းစဉ်များ ချမှတ်ခြင်း
- သင်ရိုးညွှန်းတန်းနှင့် သင်ရိုးမာတိကာများ သုံးသပ်ပြင်ဆင်ခြင်း
- မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
- ဆန်းစစ်အကဲဖြတ်ခြင်းနှင့် အရည်အသွေးသတ်မှတ်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း
- ပြည်တွင်းပြည်ပ တတ်သိပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
- ပညာရေးသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း
ပါဝင်ဆောင်ရွက်သူများ
- အဆင့်မြင့်ပညာကဏ္ဍရှိ နယ်ပယ်အသီးသီးမှ ဘာသာရပ်ကိုယ်စားလှယ်များ
- တတ်သိပညာရှင်များ
- တက္ကသိုလ်ကောင်စီကိုယ်စားလှယ်များ
ဆောင်ရွက်မည့်အချိန်ကာလ
- ကြားကာလ
- အသွင်ကူးပြောင်းရေးကာလ
- ပြန်လည်တည်ဆောက်ရေးကာလ
- ဖက်ဒရယ်ဒီမိုကရေစီကာလ
နောက်ခံသမိုင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာကဏ္ဍ၏ အဆင်မြင့်ပညာဌာန (HE Academic Department) ကို ၂၀-၇-၂၀၂၂ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပါသည်။ CDM အရာထမ်း၊ အမှုထမ်း ၇၈ ဦး ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။ ကြားကာလအတွင်း ပညာသင်ခွင့် ဆုံးရှုံးနေသော CDM ကျောင်းသား၊ ကျောင်းသူများအတွက် စဉ်ဆက်မပြတ်ပညာသင်ယူခွင့်များ စီမံဆောင်ရွက် ပေးရေး နှင့် CDM ဆရာ၊ ဆရာမများအတွက် စွမ်းဆောင်ရည်မြင့်တင်ရေး သင်တန်းများစီစဉ်ပေးနိုင် ရေးတို့အတွက်ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် ပညာရေးဝန်ကြီးဌာန၏ မဟာဗျူဟာရည်မှန်းချက်များ ဖြစ်သည့် –
- ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ပညာရေးကဏ္ဍမှတဆင့် မိတ်ဖက် များနှင့် ယုံကြည်မှုခိုင်မာရေးဆောင်ရွက်ရန်။
- တော်လှန်ရေးကို အထောက်အကူပြုသော ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ (နည်း ပညာများဖော်ထုတ်ခြင်း၊ လူထုစည်းရုံးရေးနှင့် လူထုစိတ်ဓါတ်မြင့်တင်ခြင်း အစရှိ သဖြင့်) ကို အားစိုက်ဆောင်ရွက်ရန်။
- CDM ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများအား တော်လှန်ရေးနှင့် အတူ ဆက်လက် ပါဝင်နေစေရေး ဆောင်ရွက်ရန်။
- ကြားကာလပညာရေးဝန်ဆောင်မှုပေးခြင်း (အခြေခံ၊ အဆင့်မြင့် နှင့် သက်မွေးပညာ ကဏ္ဍ) ကိုဆက်လက်ဆောင်ရွက်ရန်။
စသည်တို့မှ ပညာရေးနှင့်သက်ဆိုင်သောကဏ္ဍများကို အထောက်အကူပြု အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်ပါသည်။ စတင်ဖွဲ့စည်းစဉ်က အဆင့်မြင့်ပညာဌာန (HE Academic Department) ကို Art & Science, Education, Economics, Coop, TU, CU, Veterinary, Agriculture, NUAC, NMDC စသည့် ပညာရပ်နယ်ပယ်စုံမှ BOE ၃၄၊ Network ၃ ခု၊ အဖွဲ့ဝင် ၆၀ ဦးဖြင့် ကြားကာလ ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန် များကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအချိန်တွင် Art & Science, Education, Economics, Coop, TU, CU, Veterinary, Agriculture, NUAC, NMDC စသည့် ပညာရပ်နယ်ပယ်စုံ BOEs ၇၈ ခု နှင့် လှုပ်ရှားအဖွဲ့ဝင် (၅၉၆ ဦး) ထောက်ပံ့ ကူညီသူ (၅၄၂ ဦး) စုစုပေါင်း ၁၁၃၈ ဦးဖြင့်ကြားကာလသင်ကြားရေးကို ဆောင်ရွက်လျက်ရှိပါသည်။
ဌာန၏ အီးမေးလ် လိပ်စာ မှာ academic.office@he.moeedu.org ဖြစ်ပါသည်။
ဖွင့်လှစ်သင်ကြားလျှက်ရှိသောသင်တန်းများ
အဆင့်မြင့်ပညာဌာနတွင် ပေါင်းစည်းထားသော BOE များသည် Formal course, Short course, Diploma course, Knowledge sharing program စသည်ဖြင့် သင်တန်းများဖွင့်လှစ်သင်ကြား နေပါသည်။
Formal Courses
ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့နှင့် ဒီပလိုမာဘွဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
အသုံးပြုသော learning management platform များမှာ Moodle Learning Management Platform, Google Classroom နှင့် Zoom live session, Hybrid တို့ဖြင့် သင်ကြားမှုများ ဆောင်ရွက်ပါသည်။
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်သူများ
အောက်ပါကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် (တတိယအကြိမ်) ကို ဝင်ရောက် လျှောက်ထားနိုင်ကြပါသည်။
- ဤတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စတင်ခေါ်ယူသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
- ၂၀၂၀ ခုနှစ်နှင့် ယင်းနှစ် မတိုင်မီ အခြေခံပညာအထက်တန်း အောင်မြင်ထားသူများ
- နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် ရရှိထားသူများ (E.g., IGCSE, GED, SAT, …)
- တိုင်းရင်းသားဒေသအသီးသီး၏ ပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်ထား သူများ
- “Basic Education Completion Assessment” (BECA) ဖြေဆိုအောင်မြင်ထားသူများ
- နယ်စပ်ဒေသအခြေစိုက် ပညာရေးအဖွဲ့အစည်းများမှ အခြေခံပညာ အထက်တန်းအဆင့် ပြီးမြောက်ကြောင်း အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုအောင်မြင် ထားသူများ
- သက်ဆိုင်ရာတက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်နှင့် ကိုက်ညီသူများ (လျှောက်ထား သူတိုင်းသည် သက်ဆိုင်ရာ ပညာရေး အဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြနိုင်ရပါမည်။)
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်စနစ်
- တက္ကသိုလ်အသီးသီးသို့ ဝင်ခွင့်လျှောက်ထားသူများသည် Myanmar Education System (MES) မှတဆင့် စာရင်းသွင်းလျှောက်ထားကြရမည်။ MES Link >>>> http://mes.moeedu.org
- သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် သို့ အောက်ပါ Link မှတဆင့် တိုက်ရိုက်လျှောက် ထားရမည်။ >>>> https://ufes.nugmyanmar.org/1st-year-entrance-application-form/
တက္ကသိုလ်ဝင်ခွင့်ကြေညာချက်များ
သုတေသနအကျဉ်းချုပ်
အဆင့်မြင့်ပညာရေး (Higher Education) ဆိုင်ရာ သုတေသနများသည် ပညာရေးအရည် အသွေးမြှင့်တင်ခြင်း၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေး အတွက် အသုံးချနိုင်သော သိပ္ပံဆိုင်ရာ အသိပညာများကို ဖန်တီးထုတ်လုပ်ရန် ရည်ရွယ်ပါသည်။ သုတေသနလုပ်ငန်းများကို အခြေခံသုတေသန၊ အသုံးချသုတေသန နှင့် မူဝါဒနှင့် လက်တွေ့အသုံးချမှု အခြေခံ သုတေသနများအဖြစ် ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါသည်။
အဆင့်မြင့်ပညာရေး သုတေသနအစီအစဉ်များသည် ပညာရေး၊ လူမှုရေးသိပ္ပံ၊ သိပ္ပံနှင့် နည်းပညာ၊ စီမံခန့်ခွဲမှုနှင့် လူသားဖွံ့ဖြိုးရေးကဏ္ဍများတွင် သုတေသနလုပ်ငန်းများကို အားပေးထောက်ခံပါသည်။ သုတေသနလုပ်ငန်းစဉ်များအတွင်း သုတေသနပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားများနှင့် ပြင်ပအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်ပါသည်။
သုတေသနရလဒ်များကို ပညာရေးလုပ်ငန်းများ၊ မူဝါဒချမှတ်ရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးရေး အတွက် အသုံးချနိုင်ရန် ရည်ရွယ်ပြီး စာတမ်းထုတ်ဝေခြင်း၊ ဆွေးနွေးပွဲများနှင့် အသိပညာမျှဝေ ရေး လှုပ်ရှားမှုများမှတဆင့် ကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိပါသည်။
သုတေသနကျင့်ဝတ်
အဆင့်မြင့်ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းများအားလုံးကို သုတေသနကျင့်ဝတ်စံနှုန်းများကို တင်းကြပ်စွာလိုက်နာ၍ ဆောင်ရွက်ရပါသည်။ သုတေသနလုပ်ငန်းစဉ်များတွင် လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှုတို့ကို အခြေခံအရေးပါဆုံး အချက်များအဖြစ် သတ်မှတ်ထားပါသည်။
သုတေသနတွင် ပါဝင်သူများထံမှ အသိပေးအတည်ပြုသဘောတူညီချက် (Informed Consent) ကို ရယူရမည်ဖြစ်ပြီး၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၏ လျှို့ဝှက်မှုကို အပြည့်အဝ ကာကွယ်ရ ပါသည်။ ထို့အပြင် သုတေသနကြောင့် ပါဝင်သူများအပေါ် ကိုယ်ရေးပိုင်း၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရန် “အန္တရာယ်မဖြစ်စေရန်” စည်းမျဉ်းကို တင်းကြပ်စွာ လိုက်နာရပါသည်။
သုတေသနဒေတာများကို တိကျမှန်ကန်စွာ စုဆောင်း၊ ခွဲခြမ်းစိတ်ဖြာ၍ အမှန်တရားအတိုင်း တင်ပြရမည်ဖြစ်ပြီး မမှန်ကန်သော ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ရပါ။ မူရင်းရေးသားမှုကို လေးစားခြင်း၊ မူပိုင်ခွင့်ချိုးဖောက်ခြင်း (Plagiarism) မပြုလုပ်ခြင်းနှင့် ကိုးကားမှုများကို မှန်ကန်စွာ ဖော်ပြခြင်းတို့သည် သုတေသနကျင့်ဝတ်၏ အရေးပါသော အစိတ်အပိုင်းများဖြစ်ပါသည်။
ဤသုတေသနကျင့်ဝတ်စံနှုန်းများကို လိုက်နာခြင်းဖြင့် သုတေသန၏ ယုံကြည်စိတ်ချရမှု၊ တရားမျှတမှု နှင့် ပညာရေးအရည်အသွေးကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။
သုတေသနအဆိုပြုလွှာအကဲဖြတ်ခြင်း
- သုတေသနကျင့်ဝတ်အတွက် အကဲမဖြတ်မီ တင်ပြလာသော သုတေသနအဆိုပြုလွှာသည် ဘာသာရပ်ဆိုင်ရာအကဲဖြတ်ခြင်းကို ပြုလုပ်ထားပြီးဖြစ်ရမည်။ ဘာသာရပ်ဆိုင်ရာ အကဲဖြတ် ကော်မတီ ဖွဲ့စည်းပြီး ကြိုတင်အကဲဖြတ်နိုင်သည်။ ဘာသာရပ်ဆိုင်ရာ အကဲဖြတ်ကော်မတီ မဖွဲ့စည်းရသေးပါက သုတေသနကျင့်ဝတ်ကော်မတီသည် ဘာသာရပ်ဆိုင်ရာနှင့် သုတေသန ကျင့်ဝတ်ဆိုင်ရာ နှစ်မျိုးစလုံးကို အကဲဖြတ်ပေးရမည်။ (ထို့ကြောင့် ကော်မတီဝင် အဖွဲ့ဝင်များ သည် ဘာသာရပ်ဆိုင်ရာ၊ သိပ္ပံဆိုင်ရာ အကြောင်းအရာများကို အခြေခံအားဖြင့် သိရှိထားရန် လိုသည်။)
- သုတေသနအဆိုပြုလွှာတွင် သုတေသနတွင်ပါဝင်သော လူပုဂ္ဂိုလ်များအတွက် ဆိုးကျိုး များရှိ/မရှိကို တရားမျှတစွာ အကဲဖြတ်ရမည်။
- သုတေသနအဆိုပြုလွှာတွင် လူသားအတွက် အကျိုးဖြစ်ထွန်းမှုရှိ/မရှိကိုလည်း အကဲဖြတ် ရမည်။
- သုတေသနအဆိုပြုလွှာတွင် လူပုဂ္ဂိုလ်တို့အတွက် လုံခြုံမှု၊ လျှို့ဝှက်ထိန်းသိမ်းနိုင်မှု၊ တရားမျှ တမှု များ နှင့်ဆိုင်သော အချက်အလက်များ ပါ/မပါ အကဲဖြတ်ရမည်။
- ကျင့်ဝတ် ကော်မတီသည် အဆိုပြုလွှာ များကို အကဲဖြတ်ရာတွင် အစည်းအဝေးကို စနစ်တကျကျင်းပပြီး အကဲဖြတ်ရမည်။ အစည်းအဝေး မကျင်းပဘဲ အဆိုပြုလွှာကို အဖွဲ့ဝင်များသို့ ဖြန့်ဝေပေးပို့ပြီး အကဲဖြတ်ခြင်းမပြုရ။
- ဆုံးဖြတ်ချက်ချမှတ်ရာတွင် အများသဘောတူဆုံးဖြတ်ချက်ကိုသာ အတည်ပြုရမည်။
ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်းတက္ကသိုလ်များ၊ မိတ်ဖက်တက္ကသိုလ်များ၊ တိုင်းရင်းသားအခြေပြုတက္ကသိုလ်များ
ပြည်တွင်း တက္ကသိုလ်များ၊ တိုင်းရင်းသားဒေသတက္ကသိုလ်များ၊ ပညာရေးဝန်ကြီးဌာန အသိ အမှတ်ပြု မူဝါဒ အရဆောင်ရွက်လျှက်ရှိသော တက္ကသိုလ်များဖြစ်သည့် MNOU, WOU, CCU, K3CC, KSCU, ASCU, ဖန်းဆော်တက္ကသိုလ် တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပတက္ကသိုလ်တစ်ခု ဖြစ်သည့် Arizona State University (ASU), United State နှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိပါ သည်။
Library & E-Resources
Library & E-Resources
Open access databases and resources play a crucial role in advancing research by providing researchers with open access to a wealth of information. These platform links are information for researchers to find and use scholarly resources. The following links are a collection of useful and scholarly information on some notable open source database websites.
ERIC (Education Resources Information Center)
ERIC is an online digital library of education research and information. It provides access to a vast collection of Education research, policy, scholarly articles, reports, and other resources related to education. (https://eric.ed.gov/)
Taylor & Francis Online journals access
Taylor & Francis is a well-known academic publisher that provides access to a wide range of scholarly journals covering various disciplines, including science, technology, medicine, social sciences, and humanities…etc. (https://www.tandfonline.com/)
JSTOR Open Access
JSTOR is a digital library that provides access to academic journals, books, and primary source materials. While JSTOR primarily requires a subscription for access to its full range of content, they do offer some open access content. (https://www.jstor.org/open/)
Springer Open
Springer is a major academic publisher, and Springer Open is their platform for open-access journals, allowing researchers to freely access and share scholarly articles. (https://www.springeropen.com/)
Research Gate
Research Gate is a social networking site for researchers. It allows academics to share their publications, collaborate with other researchers, and access a vast collection of scholarly articles. (https://www.researchgate.net/)
BioOne
BioOne is a nonprofit publisher that provides access to a collection of high-impact, peer-reviewed journals in the biological, ecological, and environmental sciences. etc. (https://bioone.org/)
Directory of Open Access Journals (DOAJ)
DOAJ is a comprehensive directory that indexes and provides access to high-quality, open-access, peer-reviewed journals across various disciplines. It offers a platform for researchers to discover reputable open-access journals. (https://doaj.org/)
Creative Commons (CC)
Creative Commons (CC) search, which provides free licences for creators to use when making their work available to the public. These licences help the creator to give permission for others to use the work in advance under certain conditions. (https://search.creativecommons.org/)
At Arizona State University, we are building a new library for the 21st century – one that is as inspiring as it is welcoming, both an incubator of creativity and a monument to human complexity. As new technologies, disciplines and opportunities for discovery continue to emerge, the learning and research needs of ASU students and faculty demand a library that is both agile and robust, community-centered and service-minded, imaginative and engaged, and equipped to support a growing and dynamic New American University. (https://lib.asu.edu/ )
Library of Congress Catalog
Services & Programs
Learn how the Library of Congress collects, preserves & provides access to its universal collections. Get the free tools and standards used by libraries, archives, and publishers. (https://catalog.loc.gov/ )
ဆက်သွယ်ရန် အီးမေးလ်လိပ်စာ
academic.office@he.moeedu.org
