အကြမ်းဖက်စစ်တပ်ဟာ မြေပြင်မှာ ပြည်သူ့ခုခံစစ်တွေကို ကျရှုံးလျက်ရှိတာကြောင့် လေကြောင်းတိုက်ခိုက်မှုနဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီဟာ လက်နက်မဲ့ပြည်သူတွေကို ရန်သူလို သဘောထားပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ စာသင်ကျောင်း၊ အိမ်တွေကိုပါ လေကြောင်းပစ်မှတ်ထား တိုက်ခိုက်နေတာပါ။
ပြည်သူတွေအနေနဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကနေမိမိ ကိုယ်ကို ကာကွယ်နိုင်ဖို့ အရေးပေါ်ပုန်းခိုနိုင်ဖို့ မဖြစ်မနေ ဗုံးခိုကျင်းတူးထားဖို့ တိုက်တွန်းလိုပါတယ်။
