Universities
ပထမနှစ်ဝင်ခွင့်ခေါ်ဆိုသော တက္ကသိုလ်များ သင်ကြားရေးအတက်ပညာတက္ကသိုလ် သင်ကြားရေးအတတ်ပညာတက္ကသိုလ်သည် ကြားကာလ နှင့် အသွင်ကူးပြောင်းရေးကာလတို့တွင် ဆရာအတတ်ပညာကိုပညာရပ်အထူးပြုလမ်းကြောင်းများဖြင့် သင်ကြားပေးနေသောတက္ကသိုလ်တစ်ခုဖြစ်သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများကို လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ သင်ကြားရေးအစီအစဉ်များ သင်ကြားပေးနေရုံသာမက ဆရာအတတ်ပညာ သင်တန်းတစ်ခုခု ကိုတက်ရောက်ခဲ့ခြင်း မရှိသေးသော စေတနာ့ ဝန်ထမ်းဆရာများကိုလည်း ဆရာအတတ်ပညာများ ပို့ချပေးလျက်ရှိပါသည်။ သင်ကြားသင်ယူမှုအစီအစဉ်များကို Virtual Learning Platform တစ်ခု ကို ပြင်ဆင်ကာ ကျောင်းသူများကိုယ်တိုင် လေ့လာသင်ယူမှု (Self-Study) ပြုလုပ်ခြင်း၊ ဆရာ နှင့်ကျောင်းသား အပြန်အလှန် ဆက်သွယ်နိုင်သော Zoom Live Session များ ဆောင်ရွက်ခြင်းတို့ဖြင့် လေ့လာသင်ယူနိုင်ပါသည်။ ဘာသာရပ်များအားလုံးတွင် သင်ယူ လေ့လာရမည့် course books များ၊သင်ခန်းစာ Power Point များ၊ Recorded video များ […]
