သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန
- ပင်မ
-
ဌာနမိတ်ဆက်
- E-Resources
- နွေဦးရပ်ဝန်းကဗျာပန်းခင်း
- သင်တန်းများ
- သုတေသနစာတမ်းများ
- မြန်မာသုတေသနစင်တာ
- ဆက်သွယ်ရန်
ပင်မစာမျက်နှာ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန မှ ကြီးမှူးကျင်းပမည့် Spring Success Research Conference အတွက် သုတေသနစာတမ်းများ တင်သွင်းရန် ဖိတ်ခေါ်ခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနက ဦးစီး၍ တတိယအကြိမ်မြောက် Spring Success Research Conference သုတေသနညီလာခံကို အောက်ပါရည်ရွယ်ချက်များနှင့်အညီကျင်းပပါမည်။
- အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရှိ CDM ပညာရေးဝန်ထမ်းများ၏ သုတေသန အရည်အသွေးကို မြှင့်တင်ပေးရန်။
- ညီလာခံတွင်တင်သွင်းသောသုတေသနများမှ ရရှိလာသော သုတေသနရလဒ်များက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရာ၌ အထောက်အကူပြုစေရန်။
- ဖက်ဒရယ်ပညာရေးစနစ်အတွက် လိုအပ်ချက်များကို သုတေသနရလဒ်များမှ ဖော်ထုတ် ဖြည့်ဆည်း ပေးနိုင်ရန်။
- တီထွင်ကြံဆမှု စဉ်းစားတွေးခေါ်နိုင်မှုနှင့် စဉ်ဆက်မပြတ်ပညာရေးတွင် ဆရာများ၏ စွမ်းရည်တိုးမြင့်လာစေရန်။
- ကြားကာလနှင့်အသွင်ကူးပြောင်းကာလအတွင်း မြန်မာနိုင်ငံ၏ပညာရေးစိန်ခေါ်မှု များကို ဝေဖန်ပိုင်းခြားစိတ်ဖြာ နားလည်မှုမြှင့်တင်ရန်တို့ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လွတ်လပ်သော သုတေသနပညာရှင်များ၊ စီဒီအမ် ဆရာဆရာမများအနေဖြင့် မိမိတို့ ပြုစုထားသော သုတေသနစာတမ်းများကို သက်ဆိုင်ရာကဏ္ဍ အလိုက် ၂၀၂၆ ခုနှစ် မတ်လ (၁၄) ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းပေးကြပါရန်လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
.
. 
သုတေသနစာတမ်းအကျဉ်းကို အောက်ပါ link မှ တင်သွင်းနိုင်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSfsXDyYrlmafE80o_4-zQAid5v_T7dHQJ1jG_F-dbRP32ghNw/viewform?usp=dialog
Research and Development Department
Ministry of Education
National Unity Government
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန မှ ကြီးမှူးကျင်းပမည့် Spring Success Research Conference အတွက် သုတေသနစာတမ်းများ တင်သွင်းရန် ဖိတ်ခေါ်ခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနက ဦးစီး၍ ဒုတိယအကြိမ်မြောက် Spring Success Research Conference သုတေသနညီလာခံကို အောက်ပါရည်ရွယ်ချက်များနှင့်အညီကျင်းပပါမည်။
- အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရှိ CDM ပညာရေးဝန်ထမ်းများ၏ သုတေသန အရည်အသွေးကို မြှင့်တင်ပေးရန်။
- ညီလာခံတွင်တင်သွင်းသောသုတေသနများမှ ရရှိလာသော သုတေသနရလဒ်များက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရာ၌ အထောက်အကူပြုစေရန်။
- ဖက်ဒရယ်ပညာရေးစနစ်အတွက် လိုအပ်ချက်များကို သုတေသနရလဒ်များမှ ဖော်ထုတ် ဖြည့်ဆည်း ပေးနိုင်ရန်။
- တီထွင်ကြံဆမှု စဉ်းစားတွေးခေါ်နိုင်မှုနှင့် စဉ်ဆက်မပြတ်ပညာရေးတွင် ဆရာများ၏ စွမ်းရည်တိုးမြင့်လာစေရန်။
- ကြားကာလအတွင်း မြန်မာနိုင်ငံ၏ပညာရေးစိန်ခေါ်မှုများကို ဝေဖန်ပိုင်းခြားစိတ်ဖြာ နားလည်မှုမြှင့်တင်ရန်တို့ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လွတ်လပ်သော သုတေသနပညာရှင်များ၊ စီဒီအမ် ဆရာဆရာမများအနေဖြင့် မိမိတို့ ပြုစုထားသော သုတေသနစာတမ်းများကို သက်ဆိုင်ရာကဏ္ဍ အလိုက် ၂၀၂၅ ခုနှစ် မတ်လ (၁၄) ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းပေးကြပါရန်လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
.

သုတေသနစာတမ်းအကျဉ်းကို အောက်ပါ link မှ တင်သွင်းနိုင်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSeJzHstuUoynoXj0-yC0Y3ks1GCz45nNtln-UK71x2WT_NtdA/viewform?vc=0&c=0&w=1&flr=0
- အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ CDM ပညာရေးဝန်ထမ်းများ၏ သုတေသန အရည်အသွေးကို မြှင့်တင်ပေးရန်။
- ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရာတွင် ကွန်ဖရင့်မှ ရရှိလာသော သုတေသနရလဒ်များက အထောက်အကူပြုစေရန်။
- ဖက်ဒရယ်ပညာရေးစနစ်အတွက် လိုအပ်ချက်များကို သုတေသနရလဒ်များမှ ဖော်ထုတ် ဖြည့်ဆည်း ပေးနိုင်ရန်။
- တီထွင်ကြံဆမှု စဉ်းစားတွေးခေါ်နိုင်မှုနှင့် စဉ်ဆက်မပြတ်ပညာရေးတွင် ဆရာများ၏စွမ်းရည် တိုးမြင့်လာစေရန်။
- Covid 19 နှင့် အာဏာသိမ်းချိန်အတွင်း မြန်မာနိုင်ငံ၏စိန်ခေါ်မှုများကို ဝေဖန်ပိုင်းခြားစိတ်ဖြာ နားလည်မှုမြှင့်တင်ရန်။
- Email: researchanddevelopment@moemyanmar.org
- Google Form: https://docs.google.com/…/1FAIpQLSdQs2plcrH…/viewform…

On the 14th December 2023, a one-day workshop “Education Administration of some Federation Nations: Insights to Federal Education System of Myanmar” was held from 12:00 to 4:00 p.m. Read more …
On the 18th to 19th December 2023, a two-days workshop was held from 1:00 to 3:00 p.m. The workshop title is “Workshop on Raising the Myanmar Primary and Secondary Teacher’s’ Awareness of Competency-based Education” Read more …
သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအောက်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနကို ၃၀ ရက် ဒီဇင်ဘာလတွင် ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဌာနဖွဲ့စည်းရခြင်းသည် ပညာရေးဝန်ကြီးဌာနအတွက် သုတေသနလုပ်ငန်းများလုပ်ဆောင်ပြီး ကြားကာလအတွင်း သမိုင်းအထောက်အထားများ ကျန်ရစ်စေရန်အတွက် သုတေသနစာတမ်းများ ထွက်ပေါ်လာ စေရန်နှင့် သုတေသနဆိုင်ရာပညာများမျှဝေစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ် ပါသည်။ စတင်ဖွဲ့စည်းစဉ် အဖွဲ့ဝင်(၂၃)ဦး ဖြင့်စတင်ခဲ့ရာ ယခုအချိန်တွင် အဖွဲ့ဝင်ပေါင်း (၄၀)ဦး တို့သည့် လုပ်ငန်းအလိုက် အဖွဲ့ငယ်များဖွဲ့စည်းပြီး သုတေသနလုပ်ငန်းများကို ခွဲဝေလုပ်ဆောင်နေခြင်း ဖြစ်ပါသည်။
မျှော်မှန်းချက်
ဖက်ဒရယ်ဒီမိုကရေစီပညာရေးအတွက် လိုအပ်သော အရည်အသွေးရှိပြီး ဆန်းသစ် တီထွင်မှုရှိ သည့် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြားကာလနှင့်အသွင် ကူးပြောင်း ရေး ကာလများတွင် အချိန်မီ စနစ်တကျ လုပ်ဆောင်ရန်။
ရည်မှန်းချက်
ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလများတွင် သုတေသန လေ့လာသူတိုင်းအတွက် ပညာရေးရလဒ်များနှင့် အခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာစေရန် ကူညီထောက်ပံ့ပြီး ကတိကဝတ်ပြု၍ ပြီးပြည့်စုံသော သုတေသန၊ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် ပညာရေးနယ်ပယ်ကို တိုးတက်စေရန်။
ရည်ရွယ်ချက်များ
- ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ဖော်ဆောင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက် ရေးတို့အတွက် အထောက်အကူဖြစ်စေမည့် ပညာရေးပြုပြင် ပြောင်းလဲမှုဆိုင်ရာ သုတေသနများ ဆောင်ရွက်ရန်။
- အနာဂတ်လူငယ်များ၏ မျှော်မှန်းချက်များနှင့် ကိုက်ညီမည့် သင်ကြားသင်ယူမှုဆိုင်ရာ သုတေသန များဆောင်ရွက်ရန်။
- ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလများတွင် ပညာရေးနှင့်ဆိုင်သည့် သုတေသနများ ဆောင်ရွက်ရန်။
- ခေတ်နှင့်လျော်ညီသော ပညာရပ်ဆိုင်ရာ သုတေသနများနှင့် လိုအပ်သော အခြေခံအဆောက် အအုံများ ခိုင်မာအားကောင်းလာနိုင်ရေးအတွက် ဆောင်ရွက်ရန်။
- သုတေသနရလဒ်များကို ပညာရေးဆိုင်ရာမူဝါဒများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ချမှတ်အကောင် အထည် ဖော်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများထံသို့ ပံ့ပိုးတင်ပြခြင်း ပူးပေါင်း ဆောင်ရွက်ခြင်းများ လုပ်ဆောင်နိုင်ရန်။
လုပ်ငန်းတာဝန်များ
- ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ဖော်ဆောင်ရန်လိုအပ်သည့် အကြောင်းအရာ နယ်ပယ်များအလိုက် သုတေသနစီမံကိန်းများ သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
- ဝန်ကြီးဌာနမှ တာဝန်ပေးအပ်လာသော သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
- သုတေသနလုပ်ငန်းများအတွက် လိုအပ်ချက်များကို ဖော်ထုတ်သတ်မှတ်ကာ ဦးစားပေး အလိုက် စီစဉ်ဆောင်ရွက်ခြင်း။
- ပြည်တွင်းရှိ ပညာရေးဆိုင်ရာသုတေသနများ ခိုင်မာအားကောင်းစေရန်နှင့် လိုအပ်သော အခြေခံအဆောက်အအုံများ ပေါ်ထွန်းနိုင်ရေးအတွက် စစ်တမ်းများကောက်ယူခြင်း၊ သုတေသန ပြုခြင်း နှင့် သုတေသနသင်တန်းများပို့ချ ဆောင်ရွက်ခြင်း။
- ခေတ်နှင့်လျော်ညီသော ပညာရပ်ဆိုင်ရာ သုတေသနများနှင့် လိုအပ်သော အခြေခံ အဆောက် အအုံများ ခိုင်မာအားကောင်းလာနိုင်ရေးအတွက် ဆောင်ရွက်ခြင်း။
- သုတေသနရလဒ်များ၊ အစီရင်ခံစာများကို ပညာရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အသုံးချနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနများထံ ပေးပို့ခြင်းများနှင့် လိုအပ်ပါက တွေ့ဆုံဆွေးနွေးခြင်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်း များကို လုပ်ဆောင်ခြင်း။
E Resources
Open access databases and resources play a crucial role in advancing research by providing researchers with open access to a wealth of information. These platform links are information for researchers to find and use scholarly resources. The following links are a collection of useful and scholarly information on some notable open source database websites.
ERIC is an online digital library of education research and information. It provides access to a vast collection of Education research, policy, scholarly articles, reports, and other resources related to education. (https://eric.ed.gov/)
Taylor & Francis is a well-known academic publisher that provides access to a wide range of scholarly journals covering various disciplines, including science, technology, medicine, social sciences, and humanities…etc. (https://www.tandfonline.com/)
SPIE (International Society for Optics and Photonics) Digital Library is a comprehensive collection of research articles, conference proceedings, and other resources related to optics, photonics, and imaging technologies..etc. (https://www.spiedigitallibrary.org/journals)
IEEE Xplore is a digital library providing access to a vast collection of publications from the Institute of Electrical and Electronics Engineers (IEEE) and its partners. It covers a wide range of topics in electrical engineering, computer science, and electronics. (https://ieeexplore.ieee.org/Xplore/home.jsp)
Cambridge Core is the online platform for Cambridge University Press’s academic content. It includes journals and books across various disciplines, including science, technology, medicine, social sciences, and humanities.. etc. (https://www.cambridge.org/core/)
JSTOR is a digital library that provides access to academic journals, books, and primary source materials. While JSTOR primarily requires a subscription for access to its full range of content, they do offer some open access content. (https://www.jstor.org/open/)
IOPScience is the online platform for the Institute of Physics, providing access to a wide range of scientific and technical publications in the field of physics. (https://iopscience.iop.org/journalList)
SAGE is a leading international publisher of academic and professional content, covering a diverse range of disciplines, including social sciences, humanities, and natural sciencesm….etc. (https://journals.sagepub.com/home/sgo)
Springer is a major academic publisher, and Springer Open is their platform for open-access journals, allowing researchers to freely access and share scholarly articles. (https://www.springeropen.com/)
RSC is a prominent scientific society and publisher specializing in the field of chemistry. They publish a wide range of journals, books, and other resources related to chemical sciences. (https://pubs.rsc.org/)
Research Gate is a social networking site for researchers. It allows academics to share their publications, collaborate with other researchers, and access a vast collection of scholarly articles. (https://www.researchgate.net/)
BioOne is a nonprofit publisher that provides access to a collection of high-impact, peer-reviewed journals in the biological, ecological, and environmental sciences. etc. (https://bioone.org/)
DOAB is a platform that provides access to open-access books from various publishers. It aims to increase the discoverability of high-quality, peer-reviewed open-access books. (https://www.doabooks.org/)
PMC is a free full-text archive of biomedical and life sciences journal literature. It provides access to a vast collection of articles and research papers, making it an invaluable resource for researchers in the medical and biological sciences. (https://pubmed.ncbi.nlm.nih.gov/)
DOAJ is a comprehensive directory that indexes and provides access to high-quality, open-access, peer-reviewed journals across various disciplines. It offers a platform for researchers to discover reputable open-access journals. (https://doaj.org/)
Europe PMC is a database of life sciences and biomedical literature. It provides access to a vast collection of articles, abstracts, and other research outputs, supporting researchers in the European region. (https://europepmc.org/)
SSRN is a repository for research in the fields of social sciences. It includes working papers and preprints, allowing researchers to share their findings quickly and receive feedback from the academic community. (https://www.ssrn.com/index.cfm/en/)
Useful Links
FreePik, a website that offers free high-quality photos, vector images, illustrations and PSD files for their creative projects. (https://www.freepik.com/free-photos-vectors/rural-myanmar/)
Creative Commons (CC) search, which provides free licences for creators to use when making their work available to the public. These licences help the creator to give permission for others to use the work in advance under certain conditions. (https://search.creativecommons.org/)
Best Scholarships for International Students 2024-2025. It appears to be related to scholarships based on the URL. (https://www.scholarshiptab.com/best-scholarships)
This website seems to focus on providing information about fully-funded scholarships for the years 2023-2024, 2024-2025. It might be a resource for individuals seeking information about scholarship opportunities. (https://opportunitiescorners.com/)
Coursera offers a diverse range of courses, specializations, and degrees in fields such as business, computer science, data science, health, and more. Coursera partners with universities, organizations, and industry experts to provide courses on various topics. some courses are available for free, Coursera is also offer paid options for certification or access to additional features. (https://www.coursera.org/)
edX provides a variety of courses, micro-masters programs, and professional certificates across different disciplines, including science, engineering, business, and humanities. edX is a collaboration between universities and institutions worldwide. (https://www.edx.org/)
JobsDB was a popular online job portal that connects job seekers with employers across various industries. It provided a platform for employers to post job listings and for job seekers to search and apply for positions. Users could create profiles, upload resumes, and receive job alerts based on their preferences. (https://www.jobsdb.com/)
This seems to be related to CV or resume services. Websites like these may offer free or paid templates for creating professional resumes or CVs. Users can usually choose from various designs and formats to customize their CVs. Additionally, such sites might provide tips and advice on creating effective resumes. (https://www.coolfreecv.com/index.php)
This is to be another platform offering CV or resume templates. Users can likely find a variety of templates that they can download and use to create their own resumes. Some sites might offer both free and premium templates, with premium options providing additional features or more advanced designs. (https://www.cv-template.com/en)
နွေဦးရပ်ဝန်းကဗျာပန်းခင်း
သင်တန်းများ
နိဒါန်း
ကြားကာလ ပညာသင်ကြားရေးကဏ္ဍတွင် သုတေသနလုပ်ငန်းများကို စနစ်တကျ ပြုလုပ်နိုင်ရန်နှင့် သုတေသနဆိုင်ရာ သင်ကြားရေးနှင့်ပတ်သက်သော အကြောင်းအရာ အချက်အလက်များ ပံ့ပိုးပေးလျက်ရှိပါသည်။
ရည်ရွယ်ချက်
ကြားကာလ ပညာသင်ကြားရေးတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများနှင့် သုတေသီများသည် မိမိတို့ရှိနေသည့် နေရာတွင် တွေ့မြင်ရသည့် အတွေ့အကြုံများကို စနစ်တကျ သုတေသန ပြုလုပ်နိုင်စေရန်နှင့် သုတေသနဆိုင်ရာ ပညာများကို ပြန်လည်မျှဝေနိုင်စေရန် အထောက်အကူပြုစေနိုင်ရန် ရည်ရွယ်ပါသည်။
သင်တန်းကာလ
အခြေခံသုတေသနသင်တန်းများမှာ (သင်တန်းချိန် – ညနေ ၄း၀၀ နာရီ မှ ၅း၀၀ နာရီထိ)
- ပထမအသုတ်
- သုတေသနစာတွေ့သင်ကြားခြင်း – (၁)လ (၁၅.၅.၂၀၂၃ – ၆.၆.၂၀၂၃)
- သုတေသနပြုလုပ်သည့်အချိန် – (၄)လ (၇.၆.၂၀၂၃ – ၈.၁၀.၂၀၂၃)
- Submitted (၈.၁၀.၂၀၂၃)
- သင်တန်းသားဦးရေ – (၂၇)ဦး
- သုတေသနစာတမ်းပေါင်း – (၉)စောင်
- သင်ကြားရေးအစီအစဉ် – အွန်လိုင်းဖြင့်သင်ကြားခြင်း
- ဒုတိယအသုတ်
- သုတေသနစာတွေ့သင်ကြားခြင်း – (၁)လ (၉.၈.၂၀၂၃ – ၅.၉.၂၀၂၃)
- သုတေသနပြုလုပ်မည့်အချိန် – (၄)လ (၂၀.၁၀.၂၀၂၃ – ၈.၁.၂၀၂၄)
- Submitted (၈.၁.၂၀၂၄)
- သင်တန်းသားဦးရေ – (၂၉)ဦး
- သုတေသနစာတမ်းပေါင်း – (၉)စောင်
- သင်ကြားရေးအစီအစဉ် – အွန်လိုင်းဖြင့်သင်ကြားခြင်း
- တတိယအသုတ်
- သုတေသနစာတွေ့သင်ကြားခြင်း – (၁)လ (၁၉.၁၀.၂၀၂၃ – ၁၉.၁၁.၂၀၂၃)
- သုတေသနပြုလုပ်မည့်အချိန် – (၄)လ (၂၅.၁၂.၂၀၂၃ – ၁၅.၃.၂၀၂၄)
- Submitted (၁၅.၃.၂၀၂၄)
- သင်တန်းသားဦးရေ – (၁၈)ဦး
- သုတေသနစာတမ်းပေါင်း – (၉)စောင်
- သင်ကြားရေးအစီအစဉ် – အွန်လိုင်းဖြင့်သင်ကြားခြင်း
နိဂုံး
အခြေခံသုတေသန ရက်တိုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြင့် သုတေသနဆိုင်ရာ သဘောတရားများကို လက်တွေ့ကျကျ သိရှိနားလည်သဘောပေါက်လာသည် သာမက လက်ရှိ သုတေသနပြုလုပ်နေသူများအတွက် သုတေသန ဆိုင်ရာလုပ်ငန်းများကို စနစ်တကျပြုလုပ် ဆောင်ရွက်နိုင်မည့်အပြင် သင်ကြားမှုများအတွက်လည်း များစွာ အထောက်အပံ့ ပေးနိုင်သည့် သင်တန်းဖြစ်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန် နိုင်ငံသားတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ဆိုတာ ဘာလဲဆိုတာကို မဖြစ်မနေသိဖို့လိုအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာန သည် ထိရောက်သော ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို တည်ဆောက်ရန် အတွက် ဖက်ဒရယ်နှင့် ဒီမိုကရေစီတန်ဖိုးများနှင့် သက်ဆိုင်သည့် ပညာရေးအလေ့အကျင့်များကို အဖွဲ့အစည်း ဆိုင်ရာ ဦးစားပေးမူဝါဒများ ချမှတ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒနှင့် ကိုက်ညီမည့် အဆင့်မြင့် ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနသည် ဖက်ဒရယ် ဒီမိုကရေစီပညာရေးနှင့် ပတ်သက်သည့် ဖက်ဒရယ်ပညာရေးအဖွဲ့အစည်း၊ ပညာရှင်များ ၏ အကူအညီကို ရယူကာ ဖက်ဒရယ်ပညာရေး စီမံခန့်ခွဲမှုအသိပညာဖြန့်ဝေခြင်းသင်တန်းများကို စီစဉ် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ဖက်ဒရယ်၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖက်ဒရယ်နိုင်ငံတစ်နိုင်ငံ၏ အခြေခံသဘောတရားများ၊ ဖက်ဒရယ်စနစ်တွင်အရေးပါသော အာဏာခွဲဝေမှု၊ ဘဏ္ဍာငွေခွဲဝေမှု၊ ဒေသန္တရအုပ်ချုပ်ရေး၊ ကျားမတန်းတူညီမျှမှု၊ ဖက်ဒရယ်ပညာရေး အစရှိသော ကဏ္ဍများကို သက်တမ်းရင့်ဖက်ဒရယ်နိုင်ငံများ၏ ယနေ့ခေတ်ရင်ဆိုင် ကြုံတွေ့နေရသော စိတ်ခေါ်မှုများနှင့် နှိုင်းယှဉ်လေ့လာနိုင်မှာဖြစ်သည်။
ဖက်ဒရယ်ပညာရေး စီမံခန့်ခွဲမှုအသိပညာဖြန့်ဝေခြင်းသင်တန်းကို ၁၁.၁၁.၂၀၂၂ တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် (၉)ကြိမ်ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ သင်တန်းသား (၁၅၀၃)ဦးကို Internet data support (၅)သောင်းကျပ်စီ နှင့် certificate တို့ကို ချီးမြှင့်နိုင်ခဲ့ပါသည်။ သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
Education in Emergency ကဏ္ဍတွင် Teacher Well-being ဆိုင်ရာ သုတေသနဆောင်ရွက်ရန် ပြည်ပ ပညာရှင် နှစ်ဦး (Dr.Elly and Dr.Jenny )နှင့် ချိတ်ဆက်ထားရှိပြီး (20th September 2022) နေ့မှစ၍ (၄)ရက်တာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပြီး HE, BE, TVET မှ စိတ်ဝင်စား သည့် ဆရာမ၊ ဆရာမ (၃၀)ဦး အား သင်တန်းပို့ချနိုင်ရန် ဆောင်ရွက်ပြီးစီးခြင်း ၂၀၂၂ ခုနှစ် စက်တင် ဘာလ ၂၀ ရက်နေ့မှစ၍ ၂ ပတ် (၁) ကြိမ် အင်္ဂါနေ့ ည ၇နာရီခွဲတွင် အောင်မြင်စွာ ပို့ချနိုင်ခဲ့သည်။
Teacher Well-being အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်သည် –
- ဆရာများ၏ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာရရှိရေးကို မြှင့်တင်ရန်။
- ဆရာများအတွက် အဆင်ပြေစေမည့် အလုပ်ပတ်ဝန်းကျင်များ ဖန်တီးရန်။
- ဆရာ၏အသံနှင့် ခေါင်းဆောင်မှုတို့ကို မြှင့်တင်ရန်။
သုတေသနစာတမ်းများ
- အခြေခံသုတေသနသင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းသားတို့၏အမြင်ကို စိစစ်သုံးသပ်ခြင်း – Tr. Oliva and Tr. May Khin
- ဣဒ္ဓိပါဒလေးမျိုးကို တော်လှန်ရေးရှုထောင့်မှ လေ့လာသုံးသပ်ခြင်း – နဒီ
- A study of the Myanmar Traditional Kason Nyaungyethun Pouring Water Festival – Kathi
- Royal Star အွန်လိုင်းကျောင်း၏ ကြားကာလပညာရေးကျောင်း ကြိုးပမ်းဆောင်ရွက်ချက် – BRT2-15, BRT2-26, BRT2-39, Tr. A and Tr. B
- ဖက်ဒရယ်ပညာရေးမူဝါဒအပေါ်တွင်ထားရှိသော CDM တက္ကသိုလ်ကျောင်းသားများ၏ အမြင်ကို စိစစ်လေ့လာချက် – Moon
- ကြားကာလပြည်သူ့ပညာရေး အွန်လိုင်းကျောင်းနှင့်မြေပြင်ကျောင်းများတွင် သင်ကြားရေးနှင့် သင်ယူမှုလေ့လာခြင်း -BRT-6, BRT-7, BRT-11, Tr. A & Tr. B
- ၂၀၁၈ ခုနှစ် ကျောက်ဆည်မြို့၏ ရိုးရာဆင်အကနှင့် ဆင်အကပြိုင်ပွဲ – BRT 3- 28, Tr. A & Tr. B
- အွန်လိုင်းကျောင်းများတွင် Grade-9 အင်္ဂလိပ်စာဘာသာရပ် သင်ရိုးဟောင်းနှင့် သင်ရိုးသစ် သင်ကြားနည်းစနစ်များကို နှိုင်းယှဉ်လေ့လာခြင်း – Glory, Ellie & Hazel
- ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာစာသင်ကျောင်းများတွင် ဒီမိုကရေစီအမူအကျင်းများ သိရှိနားလည်လာမှုကို ဆန်းစစ်လေ့လာခြင်း – Mel Ei & Hazel
- ကြားကာလ အခြေခံပညာ အွန်လိုင်းကျောင်းများတွင် ကျောင်းသားအရေအတွက် လျော့နည်းလာရသည့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း – Treasure, Tr Latt, Spring Hero & Hazel
- ကြားကာလ အွန်လိုင်းဖက်ဒရယ်ပညာရေးတွင် လူမှုရေးဘာသာရပ် သင်ကြားနည်း စနစ်လေ့လာချက် – BRT 3- 24, Dr. Moon
- တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့အခြေပြုကျောင်းများနှင့် အွန်လိုင်းဖက်ဒရယ်ကျောင်းများ၏ အားသာချက်၊ အားနည်းချက်များကို လေ့လာဆန်းစစ်ခြင်း – BRT2-10, BRT2-21, BRT2-31, Dr. Moon
- Analysis of the Difficulties of Online Federal School Teachers During the Military Coup in Myanmar – BRT – 5, BRT -15, Dr. Moon
Study on Education Administration and Governance in Australia. အသေးစိတ်ဖတ်ရှုရန်
Study on Education Administration and Governance in the Canada. အသေးစိတ်ဖတ်ရှုရန်
Study on Education Administration and Governance in the US. အသေးစိတ်ဖတ်ရှုရန်
မြန်မာနိုင်ငံရှိ ပညာရေးကဏ္ဍ မှ စီဒီအမ်တွင်ပါဝင်သူများ၏ လိုအပ်ချက်များအား အကဲဖြတ်ခြင်းဆိုင်ရာ ပဏာမလေ့လာခြင်းစာတမ်း အပြည့်အစုံအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အောက်ပါ link များတွင် ရယူနိုင်ပါသည်။
မြန်မာဘာသာဖြင့်ဒေါင်းလုပ်ရယူရန် | အင်္ဂလိပ်ဘာသာဖြင့်ဒေါင်းလုပ်ရယူရန်
၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆရာ/ဆရာမ များ ဝန်ထမ်းများ၏ ရင်ဆိုင် တွေ့ နေသော အခက်အခဲများ နှင့် ကြားကာလပညာရေး ဆောင်ရွက်မှုစစ်တမ်းများကို ဂရပ်များဖြင့်ဖော်ပြပါသည်။ အသေးစိတ်ဖတ်ရှုရန်
မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ရန့တွင် စစ်အာဏာသိမ်းခဲ့ပါသည်။ အာဏာ သိမ်းမှု အစောပိုင်းကာလတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သောဆန္ဒပြမှုများ နိုင်ငံတစ်ဝှမ်း တွင် သန်းနှင့်ချီသော ပြည်သူများက ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထိုငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု အပေါ် စစ်အာဏာရှင်တို့သည် ရက်စက်စွာနှိမ်နင်းခဲ့ပါသည်။ ထိုနှိမ်းနင်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများသည် Civil Disobedience Movement (CDM) စီဒီအမ် ဟုခေါ်သော အကြမ်းမဖက် သော နည်းဖြင့် အာဏာဖီဆန်သော လှုပ်ရှားမှုကို သန်းနှင့်ချီသော နိုင်ငံသားများသည် ပူးပေါင်း ဆန့်ကျင် ပါဝင်ခဲ့ကြသည်။ ထို Civil Disobedience Movement (CDM) စီဒီအမ်လှုပ်ရှား မှုတွင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာနှင့်အဆင့်မြင့်ပညာ မှ ဆရာ၊ ဆရာမ များ၊ ကျောင်းသားများသည် တက်ကြွစွာ ပါဝင်ခဲ့ပါသည်။ ထို့အတူ မတရားဖိနှိပ်မှုများကို လက်မခံနိုင် သော Generation Z (Gen-Z) ခေါ်လူငယ်များသည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် ရည်ရွယ်ချက် ဖြင့် နောက်ပိုင်းတွင် ရရာလက်နက်စွဲကိုင်ကာ ခုခံတွန်းလှန်ရန်အတွက် စစ်ပညာများ သင်ယူ၍ နိုင်ငံအနှံ တွင် ခုခံတွန်းလှန်ရန် ဆုံးဖြတ်ခဲ့ကြသည်၊ ထို့ကြောင့်ပြည်သူ့ကာကွယ်ရေးအင်အားစု (People Defense Forece (PDF) ပီဒီအက်ဖ် အင်အားစုများပေါ်ပေါက်လာခဲ့သည်။ သုတေသနတွေ့ရှိချက်များအရ စီဒီအမ်တွင်ပါဝင်သူများ၏ သဘောထားအမြင်များ လက်ရှိလူမှုစီးပွားရေး ပညာရေး စိတ်ပိုင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် တော်လှန်ရေးတွင် ရင်ဆိုင်နေရသော အခြေအနေမှန်များကို လေ့လာတွေ့ရှိရပါသည်။ လေ့လာတွေ့ရှိရသော စီဒီအမ်တွင် ပါဝင်သူများ၏ လိုအပ်ချက်များကို အကဲဖြတ်မှုမှ ကြားကာလနှင့် တော်လှန်ရေးအလွန်ကာလများတွင် မြန်မာနိုင်ငံ၏ ပညာရေးမူဝါဒများ မဟာဗျူဟာများနှင့် ဥပဒေများရေးဆွဲချမှတ်နိုင်ရေးအတွက် အထောက်အပံ့အဖြစ်အကျိုးသက်ရောက်စေမည်ဖြစ်ပါသည်။ အသေးစိတ်ဖတ်ရှုရန်
ဤသုတေသနစာတမ်းတွင် စီဒီအမ်ကျောင်းသား/သူများ ကြုံတွေ့နေရသည့် လူမှုဘဝအခြေ အနေများ၊ ပညာရေးအခက်အခဲများကို လေ့လာဆန်းစစ်ပြီး ကြားကာလ၊ အသွင်ကူးပြောင်းရေး ကာလနှင့် ပြန်လည်တည်ဆောက်ရေးကာလ အသီးသီးအတွက် လိုအပ်သောပညာရေး အစီအစဉ် များကို စဉ်ဆက် မပြတ် လေ့လာဖော်ထုတ်ကာ အကြံပြုချက်များပေးနိုင်ရန် ရည်ရွယ်၍ အမျိုုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန၊ ကြားကာလပညာ ရေးဆိုင်ရာ သုတေသနအဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဤသုတေသနတွင် အရည်အသွေးပိုင်းဆိုင်ရာ လေ့လာသည့် နည်းလမ်း (qualitative methodology)နှင့် အရေအတွက်ပိုင်းဆိုင်ရာလေ့လာသည့် နည်းလမ်း (quantitative methodology) ကို အသုံးပြုကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် မေလ အထိ အဆင့် (၃)ဆင့်ခွဲကာ လေ့လာခဲ့သည်။
- အဆင့် (၁) အကြို လေ့လာမှုအင်တာဗျူးတွင် မတူညီသော နယ်ပယ်များမှ ဆရာ၊ ဆရာမ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူ၊ ကျောင်းသား-ပီဒီအက်ဖ် နှင့် စစ်သား စုစုပေါင်း (၈)ဦး၊
- အဆင့် (၂) Google form စစ်တမ်းတွင် အွန်လိုင်းမှ ပါဝင်ဖြေဆိုသူ စီဒီအမ် ကျောင်းသား/သူပေါင်း (၁၅၃၅၁) ဦး နှင့်
- အဆင့် (၃) အင်တာဗျူးဖြေဆိုရာတွင် ပြည်သူ့ ကာကွယ်ရေးတပ်များတွင် တာဝန်ထမ်းဆောင် နေကြသော ကျောင်းသား ကျောင်းသူ နှင့်ဝန်ထမ်း(၃၄)ဦး
အသီးသီး ပါဝင် ခဲ့ကြပြီး ရလဒ်များကို အနှစ်ချုပ်အားဖြင့် စီဒီအမ်ကျောင်း သား/သူများ၏ လက်ရှိလူမှု ဘဝအခြေအနေ အခက်အခဲများ၊ ပညာရေး လိုအပ်ချက်များနှင့် အနာဂါတ် ပညာရေး မျှော်မှန်းချက်များ ဟူ၍လေ့လာ ဖော်ထုတ်နိုင်ခဲ့ သည်။
အကြံပြုချက်များအနေဖြင့် စီဒီအမ် ကျောင်းသား/သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အကြံပြုချက်၊ စီဒီအမ်ကျောင်းသား/သူများ၏ အခက်အခဲ များကို ဖြေရှင်းနိုင်ရေး အကြံပြုချက် နှင့် စီဒီအမ်ကျောင်းသား/သူများအတွက် အခွင့်အလမ်းများ ဖော်ထုတ် အကောင်အထည် ဖော်နိုင်ရေးဟူသည့် အကြံပြုချက် (၃) ချက်ကို ဖော်ထုတ်ထားသည်။
ထို့အပြင် စီဒီအမ် ကျောင်းသား ကျောင်းသူများ၏ အခက်အခဲနှင့်လိုအပ်ချက်များ၊ စွန့်လွှတ်ခဲ့ရသော ပညာရေး မျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနနှင့် မူဝါဒရေးဆွဲ အကောင်အထည် ဖော်သူများ၊ စီဒီအမ် ဆရာ/မများ၊ ပြည်တွင်း/ပပညာရှင်များ၊ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများမှ တာဝန် ယူကာ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ပေးရန်ပြုစုထားခြင်းဖြစ်သည်။ အသေးစိတ်ဖတ်ရှုရန်
(၂၈-၅-၂၀၂၃) – (၂-၆-၂၀၂၃) ၂၈ရက် မေလ ၂၀၂၃ မှ ၂ ရက် ဇွန်လ ၂၀၂၃ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ အများပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်လိုက်ပါသည်။ ဤအစီရင်ခံစာသည် CDM ကျောင်းသားများ၊ ဆရာသမဂ္ဂများမှ ရည်ရွယ်ချက် (၅) ရပ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို စီစဉ်ပြီး ဝန်ကြီးဌာန ပေါင်းစုံနှင့်တကွ ပြည်တွင်း ပြည်ပ ပညာရှင်များ အဖွဲ့အစည်းများ၏ ထက်သန်သော ပူးပေါင်းပါဝင်မှုများဖြင့် အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါသည်။ လိုအပ်သော မူဝါဒများ လုပ်ငန်းများ၊ အစီအစဉ်များအတွက် အလေးထားဖွယ်ရာအချက်အလက်များ၊ ရှုမြင်ချက်များနှင့် တောင်းဆိုမှုများ၏ အရေးကြီးမှု၊ တန်ဖိုးကြီးမားမှုကို သက်ဆိုင်သူများထံ ပြည်စုံစွာ တင်ပြရန် ဤအစီရင်ခံစာကို ပြစုပါသည်။ အသေးစိတ်ဖတ်ရှုရန်
ဤဆောင်းပါးသည် ခေတ်မီပညာရေးစနစ်ကို စတင်ကျင့်သုံးကတည်းက ဂျပန်နိုင်ငံ၏ ပညာရေး စီမံခန့်ခွဲမှု ဖွံ့ဖြိုး တိုးတက်ခြင်းကို ခြုံငုံသုံးသပ်ထားခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံ သည် ဗဟိုချုပ်ကိုင်သော ပညာရေးစီမံခန့်ခွဲမှုစနစ်(educational administration system)ရှိသည်ဆိုသော်လည်း အမှန်တကယ် အားဖြင့် ဂျပန်နိုင်ငံတွင် မသင်မနေရ ပညာရေးသည် မြို့နယ်၏ တာဝန်(municipal responsibility)၊ အလယ်တန်းနှင့် အထက်တန်း ပညာရေးသည် စီရင်စုနယ်၏တာဝန်(prefectural responsibility)နှင့် အဆင့်မြင့် ပညာရေးသည် နိုင်ငံတော်၏တာဝန်(national responsibility) စသည့် တာဝန် ခွဲဝေမှုနှင့်အတူ ဒုတိယကမ္ဘာစစ်မတိုင်မီက ပြည်တွင်းပညာရေးစီမံခန့်ခွဲမှုပုံစံ (local educational administration Structure)ကို တည်ထောင် ခဲ့ပြီးဖြစ်သည်။ ဂျပန်သည် စစ်ကြိုခေတ်တွင် ထိရောက်သော ပညာရေးစီမံခန့်ခွဲမှုစနစ်ကို ထူထောင် ထားပြီး ဖြစ်သည်။ စစ်ပြီးခေတ် ပညာရေးတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချရေးကို ပညာရေးပြုပြင်ပြောင်းလဲမှု၏ အဓိက ပြဿနာ အဖြစ် သတ်မှတ်ခဲ့ သည်။ ဗဟိုမဏ္ဍတိုင်များသည် ပညာရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အာဏာ ကို လျော့ချခြင်းနှင့် အမေရိကန် ပညာရေးဘုတ်အဖွဲ့များ၏စနစ်ကို စံနမူနာပြုသည့် ပြည်တွင်းပညာရေး စီမံခန့်ခွဲမှုပုံစံကို အစပျိုးခြင်း ဖြစ်သည်။ ပညာရေး စနစ်ဘုတ်အဖွဲ့ကို ဂျပန်နိုင်ငံ၏အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ခဲ့သည်။ ဤဆောင်းပါး ၏နောက်ဆုံးတွင် ဂျပန်နိုင်ငံ၏ လက်ရှိပညာရေးစီမံအုပ်ချုပ်မှုပုံစံနှင့် ပြုပြင် ပြောင်းလဲ ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြထားပါသည်။ အသေးစိတ်ဖတ်ရှုရန်
နိဒါန်း
အိန္ဒိယနိုင်ငံကို ပြည်နယ်(၁၉)ခု၊ ပြည်ထောင်စုနယ်မြေ(၇)ခုဖြင့် ပိုင်းခြားထားသည်။ ပြည်နယ်များတွင် ကိုယ်ပိုင်ရွေးကောက်တင်မြှောက်ထားသော အစိုးရများရှိပြီး၊ ပြည်ထောင်စုနယ် တစ်ခုစီအတွက် သမ္မတမှ အုပ်ချုပ်ရေးမှူးတစ်ဦးစီခန့်အပ်ထားပြီး အိန္ဒိယအစိုးရမှ တိုက်ရိုက် အုပ်ချုပ်သည်။ ဗဟိုအစိုးရမှ ပညာရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဥ်များကို အကြံပြုရပြီး၊ ပြည်နယ်အစိုးရများမှ အဆိုပါလုပ်ငန်းစဥ်များကို လွတ်လပ်စွာအကောင်အထည်ဖော်ခွင့်ရှိသည်။ ဗဟိုအစိုးရမှ မူဝါဒများကို အခါအားလျော်စွာ ထုတ်ပြန်ကြေညာသည်။ ပညာရေးသည် ပြည်နယ်နှင့်ဗဟိုတို့၏ ပူးတွဲတာဝန်ဖြစ် သည်။ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုဖွဲ့စည်းပုံအား ဗဟိုအစိုးရ အဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရ အဖွဲ့အစည်းများ၊ ဒေသန္တရ အဆင့်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများစသည့် ပုံစံလေး မျိုး ဖြင့် တွေ့မြင်နိုင် သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရ အသက် ၆ နှစ်မှ ၁၄ နှစ်ကြား ကလေးများအား အခြေခံအခွင့်အရေးအဖြစ် အခမဲ့မသင်မနေရပညာရေးကို ပေးအပ်ထား သည်။
ဗဟိုအဆင့် ပညာရေးစီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှု
ပညာရေးဝန်ကြီးဌာနသည် ပညာရေးစနစ်တစ်ခုလုံးကို ထိန်းချုပ်ရန်၊ ညွှန်ကြားရန်နှင့် လမ်းညွှန်ရန် အတွက် အဓိကအုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။ ဝန်ကြီးဌာနသည်အမျိုးသားပညာရေးမူဝါဒကိုရေးဆွဲ အကောင်အထည်ဖော်ပြီး အမျိုးသားပညာရေးအစီအစဥ်များ၊ မစ်ရှင်များ နှင့် လုပ်ငန်းစဥ်များဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ထုတ်ပြန်ထားသည်။ဗဟိုအဆင့်၌ ဗဟိုပညာရေးအကြံပေးဘုတ်အဖွဲ့တွင် ထင်ရှားသော ပညာရှင်များ၊ ပညာရေးစီမံခန့်ခွဲသူများပါဝင်ပြီး၊ ပညာရေးမူဝါဒဆိုင်ရာ လမ်းညွှန်ချက် များကို ထုတ်ပြန်သည်။
ပြည်နယ်အဆင့် ပညာရေးစီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှု
ပြည်နယ်များတွင်ပညာရေးအတွက် သီးခြားဝန်ကြီးဌာနများရှိကြသည်။ ပြည်နယ်တစ်ခု၏ ပညာရေး ဝန်ကြီးဌာန တွင် အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးနှင့် ပြည်နယ်ဝန်ကြီးတစ်ဦးပါဝင်သည်။ ပြည်နယ်အစိုးရများ သည် ပညာရေးအတွက် မူဝါဒများလည်း ချမျတ်ရသည်။ လိုအပ်တဲ့အချိန်တိုင်း ပြည်နယ်ဥပဒေပြု လွှတ်တော်တွင်လည်း ပြဋ္ဌာန်းချက်များနှင့် ဥပဒေများချမှတ်သည်။
ပညာရေးဘဏ္ဍာရေးဆိုင်ရာ ပြည်နယ်အစိုးရများ၏ အခန်းကဏ္ဍ
ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားသော ဘဏ္ဍာရေးကော်မရှင်သည် စီမံကိန်းတစ်ခုစီ ၏အဆုံးတွင် လုံလောက်သော အရင်းအမြစ်များကို ပြည်နယ်တစ်ခုစီသို့ ဝင်ငွေခွန်၊ ယစ်မျိုးခွန်နှင့် ဗဟိုအစိုးရမှ ထောက်ပံငွေ မျှဝေမှု အစီအစဥ်များအောက်မှ လွှဲပြောင်းပေးသည်။
ဒေသန္တရအဆင့် ပညာရေးစီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှုခရိုင်ပညာရေးရုံး (District Education Office) သည် ခရိုင်အတွင်းရှိ ကျောင်းပညာရေး ၏အဓိကအုပ်ချုပ်ရေးဌာနဖြစ်သည်။
Statutory Councils and Apex Bodies
ဗဟိုအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများမှ တည်ထောင်ထားသော Statutory Councils and Apex Bodies သည် အိန္ဒိယနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြသည်။ အသေးစိတ်ဖတ်ရှုရန်
ဤဆောင်းပါးသည် စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ website တွင် ဖော်ပြထားသော စင်ကာပူ နိုင်ငံ၏ ၂၁ရာစု တတ်ကျွမ်းမှုအရည်အချင်းများကို Research and Development Group မှ မြန်မာ ဘာသာပြန် ဖော်ပြထားခြင်း ဖြစ်ပါသည်။ အသေးစိတ်ဖတ်ရှုရန်
ဤဆောင်းပါးသည် Jasper Picard(March 08, 2022) က ရေးသားခဲ့သော The Emergence of Civilian Resistance to Military Rule in Myanmar ဆောင်းပါးကို Research and Development အဖွဲ့က ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ အသေးစိတ်ဖတ်ရှုရန်
ဤဆောင်းပါးသည် Jasper Picard(March 08, 2022) က ရေးသားခဲ့သော The Emergence of Civilian Resistance to Military Rule in Myanmar ဆောင်းပါးကို Research and Development အဖွဲ့က ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ အသေးစိတ်ဖတ်ရှုရန်
ဤဆောင်းပါးသည် ဖင်လန်နိုင်ငံပညာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်၀ေထားသော Finnish Education in a Nutshell စာအုပ်ငယ်ကို Research and Development Group မှ အကျဥ်းချုပ် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ အသေးစိတ်ဖတ်ရှုရန်
မြန်မာသုတေသနစင်တာ
Reg No : NUG-MOE-BRT1-001
Authors – BRT-8, BRT-16, BRT-24**
Supervisors – Tr. Kathi, Tr. Nadi
စာတမ်းအကျဉ်း
ဤစာတမ်းသည် “အွန်လိုင်းသင်ကြားမှုစနစ်တွင် စီဒီအမ် ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူ တို့၏ သင်ကြား သင်ယူမှု ကို အကျိုးသက်ရောက်စေသော အချက်များကို လေ့လာခြင်း’’ ဖြစ်ပါသည်။ ဤသုတေသနစာတမ်းတွင် အွန်လိုင်းသင်ကြားသင်ယူမှု စနစ်ဖြစ် ပေါ်လာပုံ နှင့် အကျိုးသက်ရောက်မှုများကို ရေးသားတင်ပြပါမည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် အကြမ်း မဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင် ခဲ့ကြသော ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ၏ သင်ကြား သင်ယူမှု အခြေအနေ၊ သင်ကြားနည်းစနစ်များ၊ စစ်ဆေး အကဲဖြတ် ခြင်းနည်းလမ်းများ၊ ဘာသာ ရပ် ကျွမ်းကျင်တိုးတက်မှု များနှင့် အခက်အခဲများကြားက လုပ်ဆောင်ရသော အွန်လိုင်းသင်ကြားမှု စနစ်၏ ထိရောက် အောင်မြင်မှုများကို တွေ့မြင်သိရှိပြီး မိဘပြည်သူ များမှ ယုံကြည်ကိုးစားမှု တိုးတက်မြင့်မား လာစေရန် ရည်ရွယ်ပါသည်။ ဤသုတေတနစာတမ်းတွင် အွန်လိုင်းဖက်ဒရယ်ကျောင်း ၁၄ ကျောင်း ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းဆင့်တွင် သင်ကြားသူ ဆရာ/ဆရာမနှင့် ကျောင်းသား ကျောင်းသူထံမှ အချက် အလက် များကို ကောက်ယူထားခြင်းဖြစ်ပါသည်။ ဤစာတမ်းတွင် Qualitative Research Method နည်းလမ်းဖြင့် အသုံးပြုတင်ပြပါ မည်။ ဤစာတမ်း အတွက် သုတေသန မေးခွန်းများမှာ (၁) အွန်လိုင်းသင်ကြားမှုစနစ်တွင် လိုအပ်သောထောက်ပံ့မှုများ ပြည့်စုံပါ ကသင်ကြားမှုကို မည်သည့် အတိုင်းအတာအထိ ထိရောက် အောင်မြင်နိုင်ပါမည်နည်း။ (၂) အွန်လိုင်း သင်ကြားမှုစနစ်တွင် ဆရာများ၏ လုပ်ဆောင်နိုင်မှု စွမ်းရည် သည် ကျောင်းသားကျောင်းသူ များ၏ ယုံကြည်ချက်၊ခံယူချက်နှင့် သဘောထား အမြင်များအပေါ် မည်မျှ အထိလွှမ်းမိုးထားပါသနည်း။ ဤစာတမ်းမှတဆင့် ပညာရေး တာဝန်ရှိသူများ၊ ဖက်ဒရယ်ကျောင်း တည်ထောင်သူများနှင့် ဆရာ၊ ဆရာမများသည် အခက်အခဲများကြားက သင်ကြား သင်ယူမှုများ ပြုလုပ်ရာတွင် အောင်မြင် ထိရောက်အောင် လုပ်ဆောင်နိုင်သော နည်းလမ်းများ ရရှိနိုင်ပါသည်။ စွမ်းရည်မြင့် သင်တန်းများ ပေးခြင်းဖြင့် လည်း လိုအပ်သော လူ့စွမ်းအား အရင်းအမြစ် များ တိုးပွားလာနိုင်မည် ဖြစ်သည်။
သော့ချက်ဝေါဟာရများ – အွန်လိုင်းသင်ကြားမှုစနစ်၊ အွန်လိုင်းကျောင်းများ၊ စီဒီအမ်ဆရာ၊ဆရာမ နှင့်ကျောင်းသား ကျောင်းသူများ၊ Qualitative Research Method
Reg No : NUG-MOE-BRT1-002
Authors – BRT 27, BRT 28 and BRT 29
Supervisor – Dr. Min
Abstract
The main purpose of this study is to reveal the problems that migrant students experience during their education. The study group of this research consists of migrant students who receive their education in federal school in Magway Region. The data related to this study were obtained from 123 participants who participated in this study willingly 2023-2024 academic year. The problems analyzed within his study were put forth by using case study design from qualitative methodologies. The data of the research were acquired by means of a semi-structured interview form developed by the researcher. In the interviews carried out with the participants, the data were collected by voice recording, interviewing in person and making notes of participants’ dialogues. The findings of the research were put forth by getting themes and categories, which is done by analyzing the data of the research by means of content analysis method. In the light of acquired findings and results, various suggestions were proposed in relation with the academic and social problems that migrant students experience.
Keywords: Migrant students, Educational Problems, Academic Problem, Social Problem
Reg No : NUG-MOE-BRT1-003
Authors – BRT- 4, BRT- 201, BRT– 211
Supervisor – Tr. S
စာတမ်းအကျဉ်း
ဤစာတမ်းသည် အွန်လိုင်းဖက်ဒရယ်ကျောင်းများတွင် ပညာသင်ယူ နေကြသော အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ကြုံတွေ့ နေရသောအခက်အခဲများနှင့် ၎င်းတို့၏ ပညာရေးမျှော်မှန်းချက်များကို လေ့လာ ဆန်းစစ်သည့် စာတမ်းတစ်ခုဖြစ်ပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာလည်း အွန်လိုင်းဖက်ဒရယ် ပညာရေးတွင် ပညာသင်ယူနေကြသော အထက်တန်း ကျောင်းသား၊ကျောင်းသူများ ကြုံတွေ့နေရသော အခက်အခဲများနှင့် ၎င်းတို့၏ ပညာရေးမျှော်မှန်းချက်များကို လေ့လာဆန်းစစ်ခြင်းအားဖြင့် ခေတ်နှင့်လျော်ညီ သော အွန်လိုင်းဖက်ဒရယ်ပညာရေး စနစ်အောင်မြင်ရေးကို အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။ ထိုသို့သုတေသနပြုလုပ်ရာတွင် ကြားကာလ ပြည်သူ့အခြေပြု အွန်လိုင်းဖက်ဒရယ် ကျောင်းများအနက်မှ ဖက်ဒရယ်ကျောင်း (၃) ကျောင်း ဖြစ်သော School A၊ School B နှင့် School C တို့ကို ရွေးချယ်ခဲ့ပါသည်။ Qualitative research methodကို အသုံးပြုပြီး survey formနှင့် interview များပြုလုပ်ကာ အချက်အလက် များ ရယူခဲ့ပါသည်။ ထို့အပြင် ပိုမိုတိကျခိုင်လုံသော အချက်အလက်များရယူရန် အခြေခံပညာ အထက်တန်း ကျောင်းသား၊ကျောင်းသူများ နေထိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် G-10 မှ ကျောင်းသား ၊ကျောင်းသူ ပေါင်း (၁၂) ဦးနှင့် G-11 မှ ကျောင်းသား၊ ကျောင်းသူပေါင်း(၁၁)ဦး စုစုပေါင်း (၂၃)ဦးအား အွန်လိုင်းပညာရေးနှင့် ပတ်သက် သော interviewများကို ပြုလုပ်ခဲ့ပါသည်။ ရရှိလာသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး ရာခိုင်နှုန်းနှင့် graph များဖြင့် ဖော်ပြထားပါသည်။ ကျောင်းသား၊ ကျောင်းသူများ တွေ့ကြုံရသော စိန်ခေါ်မှု အခက်အခဲများအနက် အင်တာနက်လိုင်း အခက်အခဲ (၉၅.၆၅%)၊ လျှပ်စစ်မီး မရရှိမှုအခက်အခဲ (၄၇.၈၃%) နှင့် လုံခြုံရေး အခက်အခဲ (၄၁%)မှာ အွန်လိုင်းပညာရေးတွင် သိသာထင်ရှားသော အခက်အခဲ စိန်ခေါ်မှုများပင် ဖြစ်ပါသည်။ ပညာရေးမျှော်မှန်းချက်များ အနေဖြင့် အွန်လိုင်း ဖက်ဒရယ်ပညာရေးတွင် ပညာသင်ယူနေကြ သော အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများ အားလုံးသည် ကျောင်းသင်ရိုးအပြင် အခြား သော ပညာရပ်များ သင်ယူလိုမှုသည် (၁၀၀%) ရှိပါသည်။ ထိုသို့လေ့လာတွေ့ရှိထား သော အခက်အခဲများကို ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ တာဝန်ယူဖြေရှင်း ပေးခြင်း၊ ပညာရေး မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော အွန်းလိုင်း ဖက်ဒရယ် ပညာရေးစနစ် ရှင်သန်ဖွံ့ဖြိုးလာပြီး ပြည်သူလူထု၏ ယုံကြည်လေးစား ခံရသော ဖက်ဒရယ်ကျောင်းများအဖြစ် ရပ်တည်နိုင်ကာ CDM ကျောင်းသား၊ ကျောင်းသူများအတွက် ရွှေရောင်အနာဂတ်ကို ပုံဖော်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။
သော့ချက်ဝေါဟာရများ။ အွန်လိုင်းဖက်ဒရယ်ကျောင်းများ၊ CDM အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ၊ အခက်အခဲများ၊ မျှော်မှန်းချက်များ၊ ဘဝအာမခံချက်များ
Reg No : NUG-MOE-BRT1-004
Authors – BRT- 25, BRT- 26, BRT– 31
Supervisor – Tr. Amara
Abstract
This paper examines positive educational and social outcomes. The study was based on an important role in community-based education systems in three Townships in the interim period. A group of participants document analysis; approach on qualitative and quantitative data, including interviews, and focus groups who were CDM teachers, volunteers’ teachers, students, parents and local organizations (PaApha (Administration), Pakapha (Defense) and Palapha (Security) studied, worked a related in the community schools threeTownships in the interim period. It is a study of the field of education. The research design is action research and qualitative and quantitative (mixed methods) were approached so as to contribute to community-based education. The research questions were: (i) What are the perceptions of community-based education among the CDM teachers and volunteer teachers, students, parents, Public Administration Committee (PAC), Public Defense Committee (PDC), and Public Security Committee (PSC) in three Township in Interim Period? (ii) What are the significant differences between the CDM teachers, volunteer teachers, students, parents, Public Administration Committee (PAC), Public Defense Committee (PDC), and Public Security Committee (PSC) on the community-based education threeTownship in Interim Period? Why can be said that an important role in community-based education system perceived by CDM and volunteer teachers, students, parents, Public Administration Committee (PAC), Public Defense Committee (PDC), and Public Security Committee (PSC) three Township in the Interim Period? The questionnaires focused on curriculum, pedagogy, assessment, community involvement, health care, teacher’s well-being, students’ perceptions on learning, and advantages and limitations of the community- based education system. This research will contribute to develop a more effective people the community-based education system and provide insight into attitudes, methods, and techniques for implementing a future federal democratic education system in Myanmar.
Keywords: Community School, Community based Education, and the interim period
Reg No : NUG-MOE-BRT1-005
Authors – BRT- 1, BRT- 2, BRT– 12
Supervisor – Tr. Yuri Saw
စာတမ်းအကျဉ်း
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာရှင်တစ်စုက အာဏာ သိမ်းယူခဲ့ပြီး နောက် ထို့ကြောင့်ဌာနဆိုင်ရာများမှ အစိုးရဝန်ထမ်းများသည် အကြမ်းမဖက် အာဏာဖီဆန်မှု များပြုလုပ်ခဲ့ ကြပါသည်။ ထို့ထဲတွင်ကျောင်းသားလူငယ်များ၊ ကျောင်းသားမိဘ များသည်လည်း ပါဝင်လာခဲ့ပါသည်။ ထိုကျောင်းသား လူငယ်များအတွက် ကြားကာလတွင် အဆက်မပြတ်ပညာသင်ယူနိုင်ရန် ၂၀၂၂ခုနှစ်တွင် စီဒီအမ်ပညာရေးဝန်ထမ်း များဦးဆောင်၍ ကြားကာလ ပညာသင်ကြားရေးကိုဖော်ဆောင်ခဲ့ကြပြီး ယင်းသို့ဖော် ဆောင်ရာတွင် စေတနာ့ ဝန်ထမ်းများလည်းပါဝင် ကြပါသည်။ ထို့ကြောင့် ကြားကာလပညာသင်ကြားရေး ဆောင်ရွက်နေသည့်ဖက်ဒရယ် ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများတွင် စီဒီအမ်ကျောင်းသား လူငယ်များအား ပညာလေ့လာ သင်ယူမှုအခွင့်အလမ်းများရရှိစေရန် ကူညီပါဝင်ဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်း ဆရာ၊ဆရာမများ၏ အခက်အခဲများသည် မည်သည့်အခက်အခဲများဖြစ်သနည်း ဟူသော သုတေသန မေးခွန်းကိုထုတ်ယူ၍ ဤစာတမ်း အားလေ့လာခဲ့ပါသည်။ အဓိက လေ့လာရသည့် ရည်ရွယ်ချက်မှာ ဖက်ဒရယ် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုဆိုင် ရာလုပ်ငန်းများအတွက် ကြားကာလတွင် စီဒီအမ် ကျောင်းသားလူငယ် များအား ပညာလေ့လာသင်ယူမှု အခွင့် အလမ်းများရရှိစေရန်၊ ကြားကာလပညာ သင်ကြားရေးတွင် ပါဝင် ဆောင်ရွက်နေသောစေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ သင်ကြားသင်ယူမှုတွင် ကြုံတွေ့နေရသော အခက်အခဲများအားရှာဖွေဖော်ထုတ်ရန်၊ အမျိုးသား ညီညွတ်ရေးအစိုးရသို့ ပေးပို့လိုသော အကြံပြုချက်များ ကို လေ့လာဖော်ထုတ်သည့်ရလာဒ်များမှ့တဆင့်ပေးပို့ရန်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် လိုအပ်သည် များကိုဆောင်ရွက်မှုပြုလုပ် ပေးနိုင်ရန်နှင့် လမ်းညွှန်ပြသ ပေးနိုင်ရန်အတွက်လေ့လာထားခြင်းဖြစ်ပါသည်။ ဤစာတမ်းအားလေ့လာရာတွင် (Mix-method: Concurrent Traingulation Design) ဖြင့်လေ့လာထား ခြင်း ဖြစ်ပါသည်။ လိုအပ်သော အချက်အလက် အထောက် အထားများရရှိစေရန် အတွက် စစ်တမ်းကောက်ယူခြင်း (Survey – Quantitative Method) နှင့် လူတွေ့မေးမြန်းခြင်း (Interview – Qualitative Meethod) နည်းလမ်း ဖြင့် လေ့လာခဲ့ပါသည်။ ကြားကာလပညာသင်ကြားရေးတွင် ပါဝင် ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍနှင့် အခက်အခဲများကိုဤစာတမ်းတွင် စနစ်တကျဖော်ပြထား ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်လိုအပ်သည် များကို ပြုလုပ်ဆောင်ရွက် အကြံညာဏ်များကိုလည်းတင်ပြဆွေးနွေးထားပါသည်။
သော့ချက်ဝေါဟာရများ။ _ ကြားကာလပညာသင်ကြားရေး၊ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများ၊ အခန်းကဏ္ဍ နှင့် အခက်အခဲများ
Reg No : NUG-MOE-BRT1-006
Authors – BRT- 6, BRT- 7, BRT– 11
Supervisor – Tr. Oliva, Tr. May Khin
စာတမ်းအကျဉ်း
ဤစာတမ်းသည် ကြားကာလ ပြည်သူ့ပညာရေး အွန်လိုင်းကျောင်းနှင့် မြေပြင် ကျောင်းများ တွင် သင်ကြား သင်ယူနေကြသော ကျောင်းသား/ကျောင်းသူ မိဘများ နှင့် ဆရာ/ဆရာမ များ၏ အခက်အခဲနှင့် သဘောထား များကို လေ့လာထားသော စာတမ်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်တွင် CDM (Civil Disobedience Movement) ကျောင်းသား/ကျောင်းသူများ ၏ ပညာသင်ယူခွင့်ဆုံးရှုံးမှုမရှိ စေရန် CDM ဆရာ/ဆရာမ များ နှင့် မြို့နယ် ဘုတ်အဖွဲ့များ ပူးပေါင်း၍ အဆက်မပြတ် လေ့လာသင်ယူ နိုင်ရန် ကျောင်းများ ဖွင့်လှစ်ခဲ့ပါသည်။ ယခင် အချိန်တွင် အွန်လိုင်းမှ သင်ကြားကြရ သည့်အတွက် နည်းပညာအရ သော်လည်းကောင်း၊ လျှပ်စစ်ပြတ်တောက်မှု သော်လည်းကောင်း အခက်အခဲများ တွေ့ကြုံကြရပါသည်။ မြေပြင်ကျောင်းများတွင် နေရာဒေသ အလိုက် လုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ တွေ့ကြုံ နေရခြင်းကို လေ့လာထားသော စာတမ်းဖြစ်ပါသည်။ အမျိုးသား ညီညွတ်ရေး အစိုးရ အသိအမှတ်ပြု ကြား ကာလ ပြည်သူ့ပညာရေး တွင် မကွေးတိုင်း အတွင်းရှိ ဖွင့်လှစ်ခဲ့သော အွန်လိုင်း(၂) ကျောင်းနှင့် မြေပြင်ကျောင်း (၄) ကျောင်းကို လေ့လာထားပါသည်။ ထိုသို့ လေ့လာရာတွင် မိဘ/ ဆရာ / ဆရာမ / ကျောင်းသူ / ကျောင်းသား များထံမှ အချက်အလက်များ ကောက်ယူပါသည်။ Research Questionnaires အမှတ်စဉ်- (၁) အွန်လိုင်း ကျောင်းနှင့် မြေပြင်ကျောင်း များတွင် ပညာသင်ကြားနေသော ကျောင်းသား / ကျောင်းသူများ၏ သဘော ထား အမြင်နှင့် အခက်အခဲများ၊ (၂) အွန်လိုင်း ကျောင်းနှင့် မြေပြင်ကျောင်းများအပေါ် ထားရှိသည့် ဆရာ/ဆရာမ များ၊ မိဘများ ၏ အခက်အခဲများနှင့် သဘောထားအမြင်များဟူ၍ အပိုင်း နှစ်ပိုင် ခွဲပြီး Survey Questionnaires မေးမြန်းထားပါသည်။ Qualitative and Quantitative Research Method နည်းလမ်းကို အသုံးပြုသည်။ စုစုပေါင်း Research Questionnaire အရေ အတွက်မှာ ကျောင်းသား/ ကျောင်းသူ များအတွက် မေးခွန်း (၂၃) ခု ဖြစ်ပြီး၊ တစ်ကျောင်း လျှင် (၁၅၀) စောင် ၊ ဆရာ/ ဆရာမများ၊ မိဘများအတွက် မေးခွန်း (၂၇) ခု နှင့် တစ်ကျောင်း လျှင် စုစုပေါင်း အစောင် (၂၅၀) စောင်ဖြင့် ကျောင်း(၆) ကျောင်းကို အစောင်(၁၅၀၀)စောင် ဖြန့်ဝေပြီး သုတေသနလုပ်ဆောင်ခဲ့ပါသည်။
သော့ချက်စကားလုံးများ။ ။ ကြားကာလပြည်သူ့ပညာရေး အွန်လိုင်းကျောင်း၊ မြေပြင်ကျောင်း၊ သင်ကြားရေး။
Reg No : NUG-MOE-BRT1-007
Authors – BRT- 5, BRT- 15
Supervisor – Dr. Moon
Abstract
This paper will present the analysis of the Difficulties of Online Federal School Teachers During the Military Coup in Myanmar. The aim of this paper is the teachers in Myanmar who teach online how to solve their difficulties during the Military Coup. This paper will focus on 5 Online Federal Schools. Online Teaching- Learning system is not familiar before Covid 19. But the online learning system became familiar to some people during Covid 19. If there was no Military Coup, all the teachers and students would attend the schools and universities. So, the teachers have to try to continue teaching to their students. The teachers chose an online teaching system during the Military Coup. The research questions are (1) What are the difficulties of the teachers who teach Online Federal School During the Military Coup in Myanmar? (2) How do the teachers solve their difficulties? (3) Why is online federal school important in the interim Education? This problem will be analyzed by the Qualitative Research Method and Quantitative Research Method from the teachers who teach online. The teachers face many difficulties online teaching during Military Coup.
Keywords; Online Teachers, Online Teaching, During Military Coup, Qualitative Research
Method and Quantitative Research Method
Reg No : NUG-MOE-BRT1-008
Authors – BRT- 13, BRT- 14, BRT- 17
Supervisor – Saya Khin
စာတမ်းအကျဉ်း
ဤစာတမ်းသည် “အခြေခံပညာ မြန်မာစာ သင်ရိုးပြောင်းလဲမှုများအပေါ် Online ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ တို့၏ အမြင်နှင့် သဘောထားများကို လေ့လာခြင်း”ဖြစ်ပါသည်။ ဤသုတေသနစာတမ်းတွင် အခြေခံပညာ အထူးသဖြင့် သင်ရိုးဟောင်း Grade-9 မှ သင်ရိုးသစ် Grade-10 သို့ ဆင့်ကမ်းပညာသင်ယူနေသော လက်ရှိ Grade-10ကျောင်းသား၊ ကျောင်းသူများ မြန်မာစာသင်ရိုး ပြောင်းလဲမှုအပေါ် သူတို့၏ အမြင်နှင့် သဘောထားများအား ရေးသားတင်ပြမည် ဖြစ်ပါသည်။ ဤစာတမ်းရည်ရွယ်ချက်မှာ “ပြောင်းလဲသင်ကြားနေသော သင်ရိုးဟောင်း မြန်မာစာ အပေါ် ကျောင်းသား၊ ကျောင်းသူတို့၏ သဘောထားနှင့် အမြင်မှတစ်ဆင့် အားသာချက်၊ အားနည်း ချက်များကို သိရှိလာစေရန်နှင့် မြန်မာစာသင်ကြားရေးအတွက် ပိုမိုထိရောက်သော သင်ကြားမှု များ ဖော်ဆောင်နိုင်ရန်၊ သင်ကြားရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုမျာကို ဖြေရှင်းနိုင်ရန် (ဖြေရှင်းမှုများကို အထောက်အပံ့ပြုနိုင်ရန်) ရည်ရွယ်ပါသည်။ အွန်လိုင်းကျောင်းများ ရှိ ကျောင်းသား၊ ကျောင်းသူများထံမှ အချက်အလက်များ ကောက်ယူစုဆောင်းကာ Qualitative Research Method နည်းလမ်းများဖြင့် အသုံးပြု တင်ပြပါသည်။
သော့ချက်စကားလုံးများ။ ။ အွန်လိုင်းကျောင်း၊ သင်ရိုးသစ်၊ သင်ရိုးဟောင်း၊ သင်ကြားရေး။
Reg No : NUG-MOE-BRT1-009
Authors – BRT- 22, BRT- 32, BRT- 33
Supervisor – Tr. HM
စာတမ်းအကျဉ်း
ဤစာတမ်းသည် ကြားကာလအခြေခံပညာ Online ကျောင်းများတွင် ကျောင်းသားအရေအတွက် လျော့နည်းလာရသည့်အခြေအနေကို လေ့လာဆန်းစစ်ဖော်ထုတ်သည့် စာတမ်းဖြစ်ပါသည်။ စာတမ်း ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စဉ်ဆက်မပြတ်ပညာရေးကို အရှိန်အဟုန်မြှင့် အကောင် အထည်ဖော်နိုင်ရန်၊ ပညာရေးအဆက်ပြတ်နေသော CDM ကျောင်းသားများအားလုံး လက်လှမ်းမီ သော ပညာရေးဖော်ဆောင်နိုင်ရန်၊ အခြေခံပညာ Online ကျောင်းများမှ ကျောင်းသားအရေအတွက် လျော့နည်းလာရသည့်အကြောင်းရင်းကို ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်ပါသည်။ NUG-MoE အသိ အမှတ်ပြု Online ကျောင်းများမှ ကျောင်းတာဝန်ခံများ၊ သင်ကြားရေးဆရာ/မများ၊ ကျောင်းတက် နေဆဲ ကျောင်းသား/သူများ၊ ကျောင်းထွက်သွားသော ကျောင်းသား/သူများနှင့် မိဘများအားအခြေခံ ၍ Online သင်ကြားရေးအတွေ့အကြုံများ၊ ရင်ဆိုင်ရသောအခက်အခဲများ၊ စိန်ခေါ်မှုများစသည်တို့ အား မေးမြန်းပြီး Mixed Method ကို အသုံးပြု၍ လေ့လာဆန်းစစ်ချက်များကို တင်ပြထားပါသည်။ ဤစာတမ်းမှ ကြားကာလအခြေခံပညာ Online ကျောင်းများတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ ကျောင်းသား/သူများနှင့် မိဘများ ရင်ဆိုင်နေရသောအခက်အခဲများကို သိရှိမြင်သာလာခြင်း၊ ကျောင်းသား အရေအတွက် လျော့နည်းလာရသည့် ပြသနာကိုဖြေရှင်းရာတွင် အထောက်အကူပြု နိုင်ခြင်း နှင့် Online School များတွင် ကျောင်းတက်ရောက်သူ များပြားလာစေရန် မည်ကဲ့သို့ လုပ်ဆောင်သင့်ကြောင်းများ သိရှိလာပြီး ကြားကာလပညာရေးလုပ်ငန်းများကို ပိုမိုကောင်းမွန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ – ကြားကာလအခြေခံပညာ Online ကျောင်းများ၊ ကျောင်းသားအရေ အတွက် လျော့နည်းလာ၊ NUG-MoEအသိအမှတ်ပြုကျောင်း၊ Mixed Method
Reg No : NUG-MOE-BRT2-010
Authors – BRT2-13, BRT2-23, BRT2-38
Supervisors – Tr. Kathi, Tr. Nadi
စာတမ်းအကျဉ်း
ဤစာတမ်းသည် “ကြားကာလပြည်သူ့အခြေပြု အွန်လိုင်းကျောင်းများတွင် တက်ရောက် နေကြသော ကျောင်းသား ကျောင်းသူများ၏ စိတ်ခံစားမှုအခြေအနေများကို ဆန်းစစ်လေ့လာချက်” ဖြစ်ပါသည်။ ဤ စာတမ်း၏ ရည်ရွယ်ချက်မှာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှုအခြေအနေများ၊ ၊တွေ့ကြုံ ရင်ဆိုင် နေရသော အခက်အခဲများနှင့် စိတ်ခံစားချက်များကို တွေ့မြင်သိရှိပြီး လိုအပ်သော ထောက်ပံ့ ကူညီအားပေးမှုများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပါသည်။ ဤသုတေသနစာတမ်းတွင် School A, School B, School C, ကျောင်းသားကျောင်းသူဦးရေ (၃၉၀) ဦးထံမှ အချက်အလက်များကို ကောက်ယူထားခြင်းဖြစ်ပါသည်။ ထိုကျောင်းများရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့်တွင့် ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများထံမှ အချက်အလက်များကောက်ယူစုဆောင်းကာ Mixed Research Method နည်းလမ်းဖြင့် အသုံးပြုတင်ပြပါမည်။ ဤစာတမ်းအတွက် သုတေသန မေးခွန်းများမှာ (၁) အွန်လိုင်း ကျောင်းများတွင် တက်ရောက်နေကြသော CDM ကျောင်းသားကျောင်းသူများသည် မည်သို့သော စိတ်ခံစားချက်များ နှင့် ခံယူချက်များ ရှိကြသနည်း။ (၂) အွန်လိုင်းမှတဆင့် သင်ယူနေကြသော ကျောင်းသား ကျောင်းသူ များတွင် တွေ့ကြုံ ရင်ဆိုင် နေရသော စိတ်ခံစားချက်များကို မည်သို့ကူညီဖြေရှင်း ပေးနိုင်မည်နည်း။ ဤစာတမ်းမှ ကြားကာလ ပြည်သူ့အခြေပြု အွန်လိုင်း ကျောင်းများတွင် တက်ရောက် နေကြသောကျောင်းသား ကျောင်းသူများ၏ စိတ်ခံစားမှုအခြေအနေ များကို ဖက်ဒရယ် ကျောင်း တည်ထောင်ထား သူများနှင့်သင်ကြားပေးနေကြသော ဆရာ၊ဆရာမများ၊ အုပ်ထိန်းသူ မိဘများသည် ကျောင်းသား ကျောင်းသူများ၏ အခက်အခဲများနှင့် စိတ်ခံစားချက်များကို ပိုမိုသိရှိ နားလည်ကာ ကြားကာလပညာရေး သင်ကြားသင်ယူမှုများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်ထိရောက်နိုင်မည့် နည်းလမ်းများ ရရှိနိုင်ပါသည်။ ကျောင်းသားကျောင်းသူများ ၏ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက်များနှင့် စိတ်ပိုင်း ဆိုင်ရာခံစားချက်များကိုကူညီဖြည့်ဆည်းပေးခြင်းဖြင့် ၎င်းတို့၏ သင်ယူ လေ့လာမှု ကို ကောင်းစွာ အထောက်အကူဖြစ်စေပါသည် ။
သော့ချက်ဝေါဟာရများ။ ။အွန်လိုင်းဖက်ဒရယ်ကျောင်းများ ကြုံတွေ့ရသော အခက်အခဲများ၊ စီဒီအမ် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ခံစားချက်၊ Mixed Research Method
Reg No : NUG-MOE-BRT2-011
Authors – BRT2-04, BRT2-16, BRT2-25
Supervisors – Dr. Min, Tr. Peaceful
စာတမ်းအကျဉ်း
ဤစာတမ်းသည် အွန်လိုင်းဖြင့်ပညာသင်ယူခြင်း၏ အားနည်းချက်၊ အားသာချက်များကို လေ့လာ ဆန်းစစ်ခြင်း စာတမ်းဖြစ်ပါသည်။ ဤသုတေသနစာတမ်းတွင် အွန်လိုင်းဖြင့် ပညာသင်ကြား သင်ယူ မှုစနစ် ဖြစ်ပေါ်လာပုံနှင့် အွန်လိုင်းဖြင့် ပညာသင်ယူခြင်း၏ အားနည်းချက်၊ အားသာချက်များကို ရေးသားတင်ပြပါမည်။ ပညာရေးဟူသည် လူသား တို့၏ “ယဉ်ကျေးမှုဖြစ်စဉ်တစ်ရပ်” ဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် Covid 19 ကပ်ရောဂါပြန့်ပွါး ပြီးနောက် ၂၀၂၀ မှစ၍ အင်တာနက်မှ သင်ကြားသော အတန်းများ တစ်စထက်တစ်စ တိုးပွားလာခဲ့ပါသည်။ မြန်မာ့လူ့အဖွဲအစည်းတွင် မျှော်လင့်မထား သော သင်ကြားခြင်းပုံစံ ပြောင်းလဲသွားခဲ့ပါသည်။ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုတွင် အွန်လိုင်း ပညာရေး (Online Education) ဟုခေါ်သည့် အဝေးသင် ပညာရေး စနစ်သည် တိုးတက်ထွန်းကား လာပါသည်။ ဤသုတေသန စာတမ်း ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အွန်လိုင်းဖြင့် ပညာသင်ယူခြင်းမှ ရရှိလာသော အားသာချက်များကို ရေရှည်ဆက်လက် တည်တံ့စေပြီး တွေရှိလာ သော အားနည်းချက်များကို ပြင်ဆင် ဖြည့် စွက်ပေးနိုင်ရန် ရည်ရွယ်ပါသည်။ ထိုသို့ ဖော်ထုတ်ရာတွင် Quantitative method နှင့် Qualitative method ကို အသုံးပြုမည် ဖြစ် ပါသည်။ ဤစာတမ်းကို လေ့လာခြင်းအားဖြင့် အွန်လိုင်းဖြင့် ပညာသင် ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ အွန်လိုင်းပညာသင် ကြားမှုမှ ရရှိလာသော အားနည်းချက် အားသာချက်များကိုသိရှိ နားလည်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ ။ အွန်လိုင်းဖြင့်ပညာသင်ယူခြင်း၊ အားနည်းချက်များ၊ အားသာချက်များ
Reg No : NUG-MOE-BRT2-012
Authors – BRT2-17, BRT2-32, BRT2-33
Supervisors – Tr. Success
စာတမ်းအကျဉ်း
ဤစာတမ်းတွင် ”နွေဦးတော်လှန်ရေးကာလ မကွေးတိုင်းဒေသကြီး၊ မြို့နယ်တစ်ခု၏ အခြေခံပညာမှ CDM ဝန်ထမ်းများရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ“ ကို ဆန်းစစ်လေ့လာတင်ပြထားပါ သည်။ ဤစာတမ်းကိုပြုစုရသည့် ရည်ရည်ချက်မှာ ကြားကာလပညာရေးတွင် အခြေခံပညာမှ (Civil Disobedience Movement) တွင် ပါဝင်နေကြသော CDM ဝန်ထမ်းများ၏ အခက်အခဲများကို စစ်တမ်း ကောက်ယူပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကူညီဖြေရှင်းပေးနိင်ရန် ပြုလုပ်ရခြင်းဖြစ်ပါသည်။ ထိုသို့စစ်တမ်းကောက်ယူရာတွင် မြေပြင်ကွင်းဆင်း၍စစ်တမ်းကောက်ယူမှုနည်းလမ်း (Survey Questionnaires) ဖြင့် တစ်ဦးချင်းအခက်အခဲများကိုစားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ မိသားစုအရေးများသာမက စာသင်ခန်းအတွင်း သင်ကြားရေးစသည်ဖြင့် အပိုင်း(၅)ပိုင်းခွဲ၍ မေးမြန်းထားပါသည်။ ဤသုတေသနကို ပြုလုပ်ရာတွင် (Quatitative Research Method ) ကို အသုံးပြုထားပါသည်။ စစ်တမ်းကောက်ယူရာတွင်မြို့နယ်တစ်ခု၏ အခြေခံပညာမှ CDM ဆရာ/ ဆရာမ များနှင့် ရုံးဝန်ထမ်းအမျိုးသား(ကျား) (၂၉)ဦး၊ အမျိုးသမီး(မ) (၉၁)ဦးနှင့် စုစုပေါင်း (၁၂၀) ဦးမှ ပေါက်မြို့နယ်အား ကိုယ်စားပြု၍ဖြေဆိုထားပါသည်။ ၎င်းတို့၏ ရာထူးအမျိုးအစား အလိုက် အထက် တန်းပြ (၂၄)ဦး၊ အလယ်တန်းပြ(၃၆)ဦး၊ မူလတန်းပြ(၃၅)ဦး၊ တာဝန်ခံကျောင်းအုပ်(၂၁)ဦးနှင့် ရုံးဝန် ထမ်း(၄)ဦးတို့သည် မြို့နယ်ဒေသခံများ၏ ကိုယ်စားပြုဖြေဆိုခဲ့ပါသည်။ ဤသုတေသနမှ စားဝတ်နေ ရေးဆိုင်ရာအခက်အခဲ၂၈%၊ ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲ၂၁%၊ ဒေသတွင်း လုံခြုံရေး ဆိုင်ရာ အခက်အခဲ၁၇%၊ မိသားစုအိမ်တွင်းရေးအခက်အခဲ၁၆%နှင့် ကြားကာလပြည်သူ့ အခြေပြု မြေပြင် ကျောင်းများတွင် သင်ကြား/သင်ယူမှုဆိုင်ရာ ပညာရေးအခက်အခဲ၁၈%တို့ ဖြင့်သိသာ ထင်ရှားသောအခက်အခဲစိန်ခေါ်မှုများ ရင်ဆိုင်နေရကြောင်း လက်ရှိမြို့နယ်၏ဒေသတွင်း အခြေအနေ အရလေ့လာသိရှိရပါသည်။ ယခုသုတေသန၏တွေ့ရှိချက်များ အရပညာရေး CDM ဝန်ထမ်းများ တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲ အတားအဆီးများမှ အောင်မြင်မှု ရလဒ်များဆီသို့ ရောက်ရှိ စေရန်မှာ မိဘပြည်သူများထံမှ ပံ့ပိုးကူညီအားပေးမှု၊ သက်ဆိုင်ရာ ပညာရေး အဖွဲ့အစည်း များနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများ၊ ကူညီပံ့ပိုးထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း လေ့လာ သိရှိရပါသည်။
သော့ချက်ဝေါဟာရများ။ ။ မြေပြင်ကျောင်းများ၊ အခြေခံပညာမှ CDM ဝန်ထမ်းများ၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ မိသားစုအရေး၊ သင်ကြားရေး
Reg No : NUG-MOE-BRT2-013
Authors – BRT2-41, BRT2-03, BRT2-35, BRT2-05
Supervisors – Tr. Yuri Saw
စာတမ်းအကျဉ်း
ဤစာတမ်းသည် မြန်မာပြည်တွင်းရှိ Online ကျောင်းနှင့် ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မယ်လမမြို့နယ် ရွှေ့ပြောင်းစာသင်ကျောင်း On ground သင်ကြား သင်ယူမှုပုံစံကို နှိုင်းယှဉ်လေ့လာ တင်ပြသော စာတမ်းဖြစ်ပါသည်။ မြန်မာပြည်တွင်းရှိ Online ကျောင်းနှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းစာသင်ကျောင်း တို့၏ တူညီမှု၊ ကွဲပြားမှုတို့ကို ဖော်ထုတ်လိုသော ရည်ရွယ်ချက် ဖြစ်ပါသည်။ သင်ကြားသင်ယူမှု ပုံစံဟုဆိုရာ၌ ကျောင်းသားဗဟိုပြုသင်ကြားနည်းစနစ်ကို ဆိုလိုပါသည်။ သုတေသနပြဿနာမှာ Online ကျောင်းနှင့် ရွှေ့ပြောင်း စာသင်ကျောင်း တို့၏ သင်ကြား သင်ယူမှုပုံစံ တူညီမှု၊ ကွဲပြားမှုတို့က ဖက်ဒရယ်ပညာရေးကို မည်ကဲ့သို့ အထောက် အကူပြုသနည်းကို ဆန်းစစ်လေ့လာတင်ပြပါမည်။ အဆိုပါပြဿနာများကို ဖြေရှင်းရာ၌ Qualitative Research Method ကို အသုံးပြု၍ ဖော်ထုတ် တင်ပြပါမည်။ Online ကျောင်းနှင့် ရွှေ့ပြောင်းစာသင်ကျောင်း တို့၏ သင်ကြား သင်ယူမှုပုံစံ တူညီမှု၊ ကွဲပြားမှုတို့က ဖက်ဒရယ် ပညာရေးကို အထောက်အကူ ပြုကြောင်းတွေ့ရပါသည်။
သော့ချက်ဝေါဟာရများ။ ။Online ကျောင်း၊ ရွှေ့ပြောင်းစာသင်ကျောင်း၊ ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်၊ Qualitative Research Method၊ ဖက်ဒရယ်ပညာရေး
Reg No : NUG-MOE-BRT2-014
Authors – BRT2-15, BRT2-26, BRT2-39
Supervisors – Tr. Oliva, Tr. May Khin
စာတမ်းအကျဉ်း
ဤစာတမ်းသည် Royal Star အွန်လိုင်းကျောင်း၏ ကြားကာလ ပညာရေး ကြိုးပမ်းအားထုတ်မှု ဆောင်ရွက်ချက် များကို ဆန်းစစ်လေ့လာထားသော စာတမ်း တစ်စောင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ အသိအမှတ်ပြုကျောင်း လည်း ဖြစ်ပါသည်။ ဤစာတမ်း သည် ကြားကာလအတွင်း ပြည်သူ့ပညာရေး စနစ်ဆောင်ရွက်နေမှု တွင် CDM ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများတို့၏ ပညာသင်ကြား/သင်ယူခွင့် အခွင့် အလမ်းများ ရရှိစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးနေမှု အခြေအနေ များကို သုတေသီ များ လေ့လာနိုင်ရန် ရည်ရွယ်ပါသည်။ Royal Star အွန်လိုင်း ကျောင်း၏ စတင်တည်ထောင်ခဲ့ပုံ သမိုင်းကြောင်း၊ အွန်လိုင်းသင်ကြားမှု စနစ်တွင် သင်ကြား/သင်ယူမှု၏ ထိရောက် အောင်မြင်မှုများ၊ သင်ကြားနည်းစနစ်များ၊ ဆရာ/ဆရာမများ၏ လုပ်ဆောင်နိုင်မှုများ၊ ကျောင်းသား/သူများ၏ စိတ်ခံစားချက်၊ သဘောထားအမြင်၊ ပညာရေး မျှော်မှန်းချက်များနှင့် အခက်အခဲများကိုမေးမြန်းကာ သုတေသန ပြုလုပ်ပါမည်။ Qualitative and Quantitative Research Method နည်းလမ်းများကို အသုံးပြု၍ဖော်ပြပါသည်။ ဤစာတမ်းမှတဆင့် ပညာရေး တာဝန်ရှိသူများ၊ ဖက်ဒရယ်ကျောင်း တည်ထောင်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များတို့သည် အခက် အခဲများ ကြားမှသင်ကြား/သင်ယူမှု လုပ်ငန်းများကိုမည်ကဲ့သို့ထိရာက်အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်နေသည်ကိုလည်းလေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ ။ ကြားကာလပြည်သူ့ပညာရေးအွန်လိုင်းကျောင်း၊ စီဒီအမ် ဆရာ/ဆရာမ နှင့် ကျောင်းသားကျောင်းသူများ။
Reg No : NUG-MOE-BRT2-015
Authors – BRT2-31, BRT2-10, BRT2-21
Supervisors – Dr. Moon
စာတမ်းအကျဥ်း
ဤစာတမ်းသည် တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့အခြေပြုကျောင်းများနှင့် အွန်လိုင်း ဖက်ဒရယ် ကျောင်းများ၏အားသာချက်၊ အားနည်းချက်များကို လေ့လာဆန်းစစ်သော စာတမ်း ဖြစ်ပါသည်။ ဤ စာတမ်းကို ပြုစုရသည့် ရည်ရွယ်ချက်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာ သိမ်းပြီးနောက် ပေါ်ပေါက်လာသော တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့အခြေပြု ကျောင်းများနှင့် အွန်လိုင်းဖက်ဒရယ် ကျောင်းများ၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ် တင်ပြခြင်းဖြစ်ပါသည်။ ဤစာတမ်း တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာ သိမ်းပြီးနောက် ပေါ်ပေါက်လာသော တနင်္သာရီတိုင်း အတွင်းရှိ ပြည်သူ့အခြေပြုကျောင်းများကို ဆန်းစစ် တင်ပြပါမည်။ ထိုသို့ ဆန်းစစ်တင်ပြရာတွင် အဆိုပါကျောင်းများရှိ ဆရာ/မများထံမှ အချက်အလက် ကောက်ယူစုဆောင်း၍ တင်ပြပါမည်။ ဤစာတမ်းအတွက် သုတေသန မေးခွန်းမှာ (၁) ပြည်သူ့ အခြေပြုကျောင်းများနှင့် အွန်လိုင်း ဖက်ဒရယ်ကျောင်းများ၏ အားသာချက်ကို မည်သို့ဖော်ထုတ် မည်နည်း။ (၂)ပြည်သူ့အခြေပြု ကျောင်းများနှင့် အွန်လိုင်းဖက်ဒရယ် ကျောင်းများ၏အားနည်းချက်ကို မည်သို့ဖြေရှင်းမည်နည်း။ ထို့သို့ ဖော်ထုတ်ဖြေရှင်းရာတွင် Qualitative methodနှင့်Quantitative methodတို့ကို အသုံးပြု၍ လေ့လာတင်ပြပါမည်။ ဤစာတမ်းသည် တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့အခြေပြု ကျောင်းများနှင့် အွန်လိုင်းဖက်ဒရယ် ကျောင်းများ၏ အားသာချက်ကိုသိရှိပြီး အားနည်းချက် များကို မည်ကဲ့သို့ပြုပြင် ဖြည့်ဆည်း ရမည်ကို သိရှိစေပါမည်။
သော့ချက်ဝေါဟာရများ။ ။ ပြည်သူ့ အခြေပြုကျောင်းများနှင့် အွန်လိုင်းဖက်ဒရယ်ကျောင်းများ အားသာချက်၊ အားနည်းချက်များ။ Qualitative Method နှင့် Quantitative Method
Reg No : NUG-MOE-BRT2-016
Authors – BRT2-07, BRT2-29, BRT2-34
Supervisors – Sir Khin, Tr. Zin Me
စာတမ်းအကျဉ်း
ဤစာတမ်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်ထားကြသော မြေပြင်နှင့် Online ကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူ ( ၁၅၀ ) ဦး၏ ကြားကာလ တွင်ရင်ဆိုင် နေရသောအခက်အခဲများအား စစ်တမ်းကောက်ယူလေ့လာထားခြင်းဖြစ်ပါသည်။ ထိုအခက်အခဲများ ကိုအခြေခံ၍ မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းနေကြပုံကိုလည်းလေ့လာထားပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက် မှာကျောင်းသား/ကျောင်းသူ များကြားကာလ ပညာသင်ကြားနေချိန်တွင်ရင်ဆိုင် နေရ သောအခက်အခဲများအား သိရှိစေရန်နှင့် လိုအပ်သောအကူအညီ အထောက်အပံ့များ ပေးနိုင်ရန် ရည်ရွယ်ပါသည်။ လေ့လာမှုများကို Mix Method နှစ်မျိူးလုံးသုံး၍ ဖော်ထုတ်တင်ပြထားပါသည်။ အချက်အလက် များကောက်ယူရာတွင် လက်တွေ့ကွင်းဆင်း၍လည်းကောင်း၊ Online မှ လည်း ကောင်း၊ Face to face Interview များမေးမြန််းခြင်း နှင့် Google Form အသုံးပြုခြင်းဖြင့် ကောက်ယူ ခဲ့ပါသည်။ စစ်တမ်းများမေးခွန်းလွှာတွင်အပိုင်း(၂) ပိုင်းပါဝင်၍ ပထမအပိုင်းသည်CDM ကျောင်းသား ကျောင်းသူများကြားကာလ ပညာသင်ကြားရာတွင် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများကို မေးမြန်း ၍ အပိုင်း(၂) တွင် ၎င်းတို့ရင်ဆိုင်နေရသောအခက်အခဲများအား မည်သို့ဖြေရှင်းကြသည်ကို လေ့လာဖော်ထုတ်ခြင်းဖြစ်သည်။ကျောင်းသား ကျောင်းသူများရင်ဆိုင်ကြုံတွေ့နေရသောအခက်အခဲများမှာ စီးပွားရေးအဆင်မပြေမှု သည်အဓိက အခက်အခဲဖြစ်၍စာရေးကိရိယာနှင့် သင်ထောက်ကူ အခက်အခဲသည် ရာခိုင်နှုန်းအနည်းဆုံးကြုံတွေ့ရသောအခက်အခဲဖြစ်ပါသည်။ ဆက်လက်၍ ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများအား ဖြေရှင်းနည်းများကို လေ့လာရာတွင် အလှူရှင်များ၏ အကူ အညီများကို ရယူခြင်း၊ မိဘ၏အထောက်အပံ့ကို ရယူခြင်း နှင့် ပညာသင်ကြားရာတွင် လုံခြုံမှုရှိစေရန် ကျေးရွာကာကွယ်ရေးအဖွဲ့များ ၏ အကူအညီ များ ကိုရယူခြင်းတို့ဖြင့်ရင်ဆိုင် ဖြေရှင်းနေကြသည်ကို လေ့လာတွေ့ရှိရပါသည်။
သော့ချက်ဝေါဟာရများ။ ။CDM ကျောင်းသားကျောင်းသူများ၊တွေ့ကြုံရသောအခက်အခဲ၊များ ၎င်းအခက်အခဲများဖြေရှင်းနည်းများ
Reg No : NUG-MOE-BRT2-017
Authors – BRT2-06
Supervisors – Tr. Hazel
စာတမ်းအကျဉ်း
ဤသုတေသနစာတမ်းတွင် ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာစာသင်ကျောင်းများ၌ ဒီမိုကရေစီအမူအကျင့်များ သိရှိနားလည်လာမှုကို လေ့လာဖော်ထုတ် တင်ပြသွားပါမည်။ ထိုသို့ တင်ပြ ရာတွင် အွန်လိုင်းကျောင်းများရှိ အလယ်တန်းနှင့် အထက်တန်းမှ ဆရာ/မများနှင့် ကျောင်းသား/သူ များထံမှ အချက်အလက်များ ကောက်ယူသွားပါမည်။ ဤစာတမ်း၏ သုတေသနမေးခွန်းများ ဖြစ် သော (၁) ဆရာ/မများနှင့် ကျောင်းသား/သူများသည် ဒီမိုကရေစီ စံနှုန်းများနှင့်ကိုက်ညီသော အလေ့ အထကောင်းများကို မည်မျှသိရှိနားလည်ထားသနည်း (၂) ဆရာ/မများက ကျောင်းသား/သူများကို ဒီမိုကရေစီအသိများကို မည်မျှလက်ဆင့်ကမ်း သင်ကြားထားသနည်း (၃) ဆရာ/မများနှင့် ကျောင်းသား/သူများသည် ဒီမိုကရေစီစံနှုန်းနှင့်အညီ မည်သို့ပြုမူဆောင်ရွက်နေကြသနည်း တို့ကို လေ့လာဆန်းစစ်သွားမည် ဖြစ်ပါသည်။ အချက်အလက်များကို Mixed Method ဖြင့် ဖော်ထုတ်တင်ပြ သွားပါမည်။ ဤသုတေသနစာတမ်းသည် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသား/သူများ ဒီမိုကရေစီအမူအကျင့်များ ပိုမိုသိရှိနားလည်လာရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံသားကောင်း ပီသစွာ ပြုမူနေထိုင်နိုင်ရေးတို့အတွက် လိုအပ်ချက်များကို လမ်းညွှန်ပြသပေးနိုင်မည် ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ ။ ဒီမိုကရေစီစံနှုန်းများ၊ ဒီမိုကရေစီအမူအကျင့်များ၊ Mixed Method၊ ကြားကာလပြည်သူ့အခြေပြုကျောင်းများ
Reg No : NUG-MOE-BRT3-018
Authors – BRT3-12, BRT3-22, BRT3-31
Supervisors – Tr. Kathi, Tr. Nadi
စာတမ်းအကျဉ်း
ဤစာတမ်းတွင် မကွေးတိုင်းဒေသကြီး၏ လယ်ယာ စိုက်ပျိုးရေး ဆန်းစစ်လေ့လာချက်ကို တင်ပြရေးသားပါမည်။ လယ်ယာ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို လေ့လာခြင်းဖြင့် ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ဘာသာရေးတို့ကို လယ်ယာ စိုက်ပျိုးရေးက များစွာ အထောက် အပံ့ဖြစ်စေကြောင်းကို သိရှိစေရန် ရည်ရွယ်ပါသည်။ ဤစာတမ်းကိုရေးသားရာတွင် လူတွေ့ မေးမြန်းခြင်း၊ စာကြည့်တိုက်မှ စာအုပ်စာတမ်းနှင့် ဆောင်းပါး များကို လေ့လာ၍ အချက်အလက် ကောက်ယူခြင်းခြင်း၊ ကိုယ်တိုင်ကွင်းဆင်း လေ့လာ ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ (၁) လယ်ယာ စိုက်ပျိုးရေးသည် ဒေသတွင်းရှိ ပြည်သူတို့ အတွက်မည်မျှ အထောက်အကူပြုသနည်း။ (၂) ယခုလက်ရှိ လယ်ယာစိုက်ပျိုး ရေးကို ပိုမို ကောင်း မွန်အောင် မည်သို့ဆက်လက် ဆောင်ရွက်မည်နည်း။ ဤစာတမ်းမှတဆင့် လယ်ယာ စိုက်ပျိုးရေးဖြင့် ပြည်သူတို့၏ ဒေသတွင်း ဖွံ့ဖြိုးရေးဖြစ်သော စားဝတ်နေရေး၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး လုပ်ငန်းများနှင့် ကလေးသူငယ်တို့၏အနာဂတ်ကိုလည်း အကျိုးပြုနိုင်ပါသည်။
သော့ချက်ဝေါဟာရများ။ ။လယ်ယာစိုက်ပျိုးရေး၊ ဘုန်းတော်ပြည့်ကျေးရွာ၊ ကိုယ်တိုင်ကွင်းဆင်းလေ့လာခြင်း၊ ဒေသတွင်းဖွံ့ဖြိုးရေး ၊ mixed research methods, Interview methods
Reg No : NUG-MOE-BRT3-019
Authors – BRT3-15, BRT3-09
Supervisors – Dr. Min, Tr. Peaceful
စာတမ်းအကျဉ်း
ဤစာတမ်းသည် “မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များ သင်ကြားခြင်း၏ အကျိုးသက်ရောက်မှုကို ဆန်းစစ်လေ့လာခြင်း”စာတမ်းဖြစ်ပါသည်။ ဤသုတေသန သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများတွင် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များ သင်ကြားခြင်း၏ အကျိုးသက်ရောက်မှုများကို လေ့လာရန်ရည်ရွယ်ပါသည်။ ဤလေ့လာမှုသည် ကျောင်းသား/သူများ၏ ဘက်စုံပညာရေး စွမ်းဆောင်ရည်နှင့် ဖွံဖြိုးတိုးတက်မှုအပေါ် ၎င်းဘာသာရပ် များ၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်စေရန် ရည်ရွယ်ပါသည်။ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ကျောင်းသား/သူများ ရရှိသော အကျိုးကျေးဇူးများကို ဖော်ထုတ်ပြသ၍ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အကဲဖြတ်ရန်၊ တွဲဖက်သင်ရိုးဝင် ဘာသာရပ်များ၏ လုပ်ဆောင်ချက်များကို ကူညီဆောင်ရွက်ပေးရာ တွင် ဆရာများ၏ အခန်းကဏ္ဍကို ဆန်းစစ်ရန်နှင့် ကျောင်းသားများ၏အမြင်များကို စူးစမ်းလေ့လာရန် ရည်ရွယ်ပါသည်။ထို့အပြင် သုတေသနသည် ပါဝင်မှုနှင့် အကျိုးခံစားခွင့်များတွင် ဖြစ်နိုင်ချေရှိသော ကျား၊မကွဲပြားမှုကိုထည့်သွင်းစဉ်းစားပြီးတွဲဖက်သင်ရိုးဝင်ဘာသာရပ်များအတွက်ထည့်သွင်းထားသောသင်ရိုးညွှန်းတမ်းအရင်းအမြစ်များကိုလည်း ပညာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းများဖြင့် ချိန်ညှိ၍ အကဲဖြတ် ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ ကျောင်းချိန်လွန်ရလဒ်များအပေါ် ရေရှည် အကျိုး သက် ရောက်မှု များကိုလည်း စူးစမ်းလေ့လာမည် ဖြစ်သည်။
ဤလေ့လာမှု၏တွေ့ရှိချက်များသည်မြန်မာနိုင်ငံရှိကျောင်းများတွင်တွဲဖက်သင်ရိုးဝင်ဘာသာရပ်များ သင်ကြားခြင်း၏ ထိရောက်မှုအပေါ်အဖိုးတန်သော ထိုးထွင်းသိမြင်နားလည်မှုများကို ပံ့ပိုးပေးမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ အတွက် ပညာရေးဆိုင်ရာ အတွေ့အကြုံများကို မြှင့်တင်ရန် အထောက်အထား အကြံပြုချက်များကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။
သုတေသနမေးခွန်းများမှာ (၁) တွဲဖက်သင်ရိုးဝင် ဘာသာရပ်များသည် ပုံမှန်ပညာရေး လေ့လာမှု များနှင့် မည်သို့ ဆက်စပ်နေသနည်း။(၂)တွဲဖက်သင်ရိုးဝင်ဘာသာရပ်များမှ ရရှိသော သင်ယူခဲ့သည့်စွမ်းရည်များကို လက်တွေ့ဘဝအခြေအနေများ (သို့မဟုတ်) အခြားဘာသာရပ်များ တွင် မည်သည့်အတိုင်းအတာအထိ အသုံးချနိုင်မည်နည်း တို့ဖြစ်သည်။ Mixed research method ကို အသုံးပြုပြီး survey form နှင့် interview များဖြင့် အချက်အလက်များ ကောက်ယူစုဆောင်းခဲ့ပါသည်။ survey formဖြင့် (၇၉၈) ဦး ကောက်ယူခဲ့ပြီး မတူညီသော ကျောင်းများမှ ထက်၊လယ်၊မူ ကျောင်းသား/သူ (၃၀) ဦး ကို interview တွေ့ဆုံခဲ့ပါသည်။
သော့ချက်ဝေါဟာရများ။ ။ တွဲဖက်သင်ရိုး ၊ ပညာရေး ၊ သင်ရိုးညွှန်းတမ်း၊ အကျိုးသက်ရောက်မှု
Reg No : NUG-MOE-BRT3-020 Authors – BRT3-28
Supervisors – Tr. Oliva, Tr. May Khin
စာတမ်းအကျဉ်း
ဤစာတမ်းသည် မန္တလေးတိုင်း ၂၀၁၈ ခုနှစ် ကျောက်ဆည်မြို့၏ ရိုးရာဆင်အကပြိုင်ပွဲ ကျင်းပ ပုံကို လေ့လာသော စာတမ်းဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကျောက်ဆည်မြို့၌သာ ဆင်ပြိုင်ပွဲ၊ ဆင်လှူပွဲရှိကြောင်းနှင့် ရိုးရာအမွေအနှစ်ကိုသိစေလိုခြင်း၊ မြန်မာ့ရိုးရာဆင်အကသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ခန့်က စတင်ခဲ့ကြောင်းနှင့် ရိုးရာဆင်ပြိုင်ပွဲကို အများပြည်သူများ သိရှိရန် ရည်ရွယ်ပါသည်။ ဤစာတမ်းတွင် ၂၀၁၈ ခုနှစ် ဆင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဆင်အမျိုးအစား (၄) မျိုး၏ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့သူတို့၏ ကြိုးပမ်းအားထုတ်မှုများ၊ ပြိုင်ပွဲပြုလုပ်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ကျောက်ဆည်ဆင်အက ပြိုင်ပွဲသည် မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါပုံတို့ကို လေ့လာသော စာတမ်းဖြစ်ပါသည်။ ဆင်အကတွင် ပါဝင်သော တူရိယာပစ္စည်းများ၊ ဆင်မကခင် ဆင်ကိုလှူသည့် အခမ်းအနားနှင့် ပွဲတော်နေ့အကြောင်း၊ မြန်မာ့ဆင်ချိုးအတက်ပညာ၊ ဆင်ပြိုင်ပွဲဆုအမျိုးအစား စသည့် အကြောင်း အရာများ ပါဝင်ပါသည်။ အသုံးပြုသော သုတေသန နည်းလမ်းမှာ Literature Search Method and Qualitative Research Method ကို အသုံးပြုထားပါသည်။ ဤသုတေသန စာတမ်း ပြုလုပ်ခြင်းအားဖြင့် မျိုးဆက်သစ် လူငယ်များ အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကျောက်ဆည်ဆင် အကအကြောင်းကို လေ့လာနိုင် သော စာတမ်းတစ် စောင်ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ ။မြန်မာ့ယဉ်ကျေးမှု၊ကျောက်ဆည်ဆင်အက၊မြန်မာ့ဆင်ရုပ်ချိုးအနုပညာ
Reg No : NUG-MOE-BRT3-021
Authors – BRT3-24
Supervisors – Dr. Moon
စာတမ်းအကျဉ်း
ဤစာတမ်းသည် အွန်လိုင်းဖက်ဒရယ်ပညာရေးတွင် လူမှုရေးဘာသာရပ် သင်ကြားမှု နည်းစနစ်ကို လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်တွင် မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက် ကျရောက်ခဲ့ပြီးချိန်တွင် ပြည်သူ့အခြေပြု ဖက်ဒရယ် ကျောင်းများ ပေါ်ထွန်းလာခဲ့ပါသည်။ ထိုကျောင်းများမှ ဆရာ၊ဆရာမများက အွန်လိုင်းပညာ သင်ကြားရေးများကို လုပ်ဆောင်ခဲ့ကြပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ကြားကာလ အွန်လိုင်းဖက်ဒရယ်ပညာရေး တွင် လူမှုရေးဘာသာရပ် သင်ကြားနည်းစနစ်ကို ဖော်ထုတ်လိုသော ရည်ရွယ်ချက် ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင် ရာတွင် ၂၀၂၂ ခုနှစ် မှ ၂၀၂၃ ခုနှစ်အတွင်းဖွင့်လှစ်သော အွန်လိုင်းဖက်ဒရယ်စကူးလ် (၄) ကျောင်းမှ လူမှုရေးဘာသာရပ်သင် ဆရာ၊ဆရာများထံမှ အချက်အလက်များ ကောက်ယူပါမည်။ သုတေသနမေးခွန်းများမှာ (၁) လူမှုရေးဘာသာရပ်သင် ဆရာ၊ ဆရာများ၏ အွန်လိုင်းသင်ကြားမှု နည်းစနစ် များမှာ အဘယ်နည်း။ (၂) လူမှုရေးဘာသာရပ်သင်ပြနည်းစနစ်တွင် ကြုံတွေ့ရမည့် အခက်အခဲများနှင့် အကျိုးရလဒ်များကို ဖော်ပြ၍ ထိုအခက်အခဲများကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။ တို့ဖြစ်ပါသည်။ အဆိုပါ ပြဿနာကို ဖြေရှင်းရာတွင် Qualitative Research Method ကို အသုံးပြု၍ ဖော်ထုတ်တင်ပြပါမည်။ ကျောင်းသားများကို လူမှုရေးဘာသာရပ် သင်ကြားခြင်းအားဖြင့် ဒေသန္တရ ဗဟုသုတရရှိခြင်း၊ မြန်မာနိုင်ငံ၏တည်နေရာနှင့် နိုင်ငံ အတွင်းရှိ မြေမျက်နှာသွင်ပြင်၊ စီးပွားရေး၊ လူမှုရေး ၊ ရာသီဉတု အခြေအနေများကို သိရှိသုံးသပ်လာနိုင်ပါမည်။
သော့ချက်ဝေါဟာရများ။ ။ လူမှုရေးဘာသာရပ်၊ သင်ကြားနည်းစနစ်၊အခက်အခဲများ၊ အကျိုး ရလဒ်များ၊ Qualitative Research Method
Reg No : NUG-MOE-BRT3-022
Authors – BRT3-03, BRT3-16
Supervisors – Tr. Hazel
စာတမ်းအကျဉ်း
ဤစာတမ်းသည် အွန်လိုင်းဖက်ဒရယ်ပညာရေးတွင် Grade-9 အင်္ဂလိပ်စာဘာသာရပ် သင်ရိုးဟောင်း နှင့် သင်ရိုးသစ် သင်ကြားမှုနည်းစနစ်ကို နှိုင်းယှဉ်လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ ကြားကာလ အွန်လိုင်းဖက်ဒရယ်ပညာရေးတွင် အင်္ဂလိပ်စာဘာသာရပ် သင်ရိုးဟောင်းနှင့် သင်ရိုးသစ် သင်ကြားနည်းစနစ် ကွာခြားချက်များနှင့် သင်ရိုးသစ် ပြောင်းလဲသွားခြင်းကြောင့် ဆရာ/မများနှင့် ကျောင်းသား/သူများ ကြုံတွေ့ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်လိုခြင်းဖြစ်ပါသည်။ သုတေသန မေးခွန်းများမှာ (၁) Grade-9 အင်္ဂလိပ်စာဘာသာရပ် သင်ရိုးဟောင်းနှင့် သင်ရိုးသစ်၏သင်ကြားနည်းစနစ် ကွာခြားချက် များကား အဘယ်နည်း (၂) Grade-9 အင်္ဂလိပ်စာဘာသာရပ် သင်ရိုးသစ် ပြောင်းလဲသွားခြင်းကြောင့် ဆရာ/မများ၏ သင်ကြားနည်းစနစ်နှင့်ပတ်သက်သော အခက်အခဲများနှင့် စိန်ခေါ်မှုများကား အဘယ်နည်း (၃) Grade-9 အင်္ဂလိပ်စာဘာသာရပ် သင်ရိုးသစ် ပြောင်းလဲသွားခြင်းကြောင့် ကျောင်းသား/သူ များအနေနှင့် ကြုံတွေ့ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကား အဘယ်နည်း တို့ဖြစ်ကြပါသည်။ ကြားကာလအတွင်းဖွင့်လှစ်သော အွန်လိုင်းကျောင်းများရှိ Grade-9 အင်္ဂလိပ်စာ ဘာသာရပ် သင်ကြားသင်ယူနေကြသော ဆရာ/မများနှင့် ကျောင်းသား/သူများထံမှ အချက်အလက် များ ကောက်ယူခဲ့ပါသည်။ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာစိစစ်ရာတွင် Qualitative Method ကို အသုံးပြု၍ ဖော်ထုတ်ထားပါသည်။ Grade-9 အင်္ဂလိပ်စာဘာသာရပ် သင်ရိုးဟောင်းနှင့် သင်ရိုးသစ် သင်ကြားနည်းစနစ်ကွာခြားချက်များကို သိရှိလာခြင်းအားဖြင့် ကျောင်းသား/သူများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ပြီး၊ ဆရာ/မများအနေဖြင့် လွယ်ကူထိရောက်သော သင်ကြားနည်းများကို မိမိစာသင်ခန်းအတွင်း အသုံးပြုသင်ကြားလာနိုင်မည် ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ ။ Grade-9 အင်္ဂလိပ်စာဘာသာရပ်၊ သင်ရိုးဟောင်းနှင့်သင်ရိုးသစ်၊ သင်ကြား နည်းစနစ်၊ အွန်လိုင်းဖက်ဒရယ်ပညာရေး၊ Qualitative Method
Reg No : NUG-MOE-BRT4-023
Authors – BRT4-31, BRT4-25
Supervisors – Tr. Kathi, Tr. Nadi
စာတမ်းအကျဉ်း
ဤစာတမ်းသည် မကွေးတိုင်းရှိ အွန်လိုင်း ဖက်ဒရယ်ကျောင်း၏ အလယ်တန်း မြန်မာစာ ဘာသာရပ် သင်ကြားမှုတွင် တွေ့ကြုံရသော အခက်အခဲများကို လေ့လာခြင်းဖြစ်ပါသည်။ ဤသုတေသနစာတမ်း တွင် မကွေးတိုင်းရှိ အွန်လိုင်း ဖက်ဒရယ်ကျောင်းတွင် အလယ်တန်းမြန်မာစာ သင်ကြားရာတွင် ကြုံတွေ့ ရသော အခက်အခဲများနှင့် မြန်မာစာတတ်မြောက်မှု အခြေအနေများကို ရေးသားတင်ပြပါ မည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော ပခုက္ကူ အွန်လိုင်း ဖက်ဒရယ်ကျောင်း ရှိ ဆရာ ဆရာမများ နှင့် ကျောင်းသားကျောင်းသူများ၏ မြန်မာစာဘာသာရပ်ဆိုင်ရာ သင်ကြားမှုအခြေအနေ၊ ကြုံတွေ့ရ သော အခက်အခဲများ၊ အကျိုးရလဒ်များကို တွေ့မြင်သိရှိပြီး မြန်မာစာဘာသာရပ် သင်ကြားသင်ယူမှု တိုးတက်ဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ ဤစာတမ်းတွင် အသုံးပြုမည့် သုတေသနမေးခွန်းများမှာ-(၁) အွန်လိုင်းစနစ်ဖြင့် သင်ကြားသောကျောင်း တစ်ကျောင်း တွင် အလယ် တန်းအဆင့် မြန်မာစာ သင်ကြားသင်ယူမှုကို ပိုမိုထိရောက်စေရန် မည်သည့်အရာများ က ဆောင်ရွက် နိုင်ပါမည်နည်း။ (၂) အလယ်တန်းအဆင့်တွင် သင်ကြားသော မြန်မာစာဘာသာရပ် သည် ကျောင်းသားကျောင်းသူများ၏ လက်တွေ့ဘဝကို မည်မျှအကျိုးရှိစေနိုင်ပါသနည်း။ ဤ သုတေသန စာတမ်းတွင်၂၀၂၂ခုနှစ်မှ ယနေ့၂၀၂၅ခုနှစ်အထိ မကွေးတိုင်းရှိ အွန်လိုင်း ဖက်ဒရယ် ကျောင်း၏ အခြေခံ ပညာအလယ်တန်းအဆင့် သင်ကြားသူဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများထံမှ အချက် အလက်များ၊ သင်ကြားမှုဆိုင်ရာနှင့်ပတ်သက်၍ကျောင်းသားမိဘ များထံ မှ ကောက်ယူထား ခြင်းဖြစ် ပါသည်။ ဤစာတမ်းတွင် Qualitative and Quantitative Research Methods တို့ဖြင့် အသုံးပြု တင်ပြပါမည်။ ဤစာတမ်းကို ရေးသားခြင်းဖြင့် အွန်လိုင်း ဖက်ဒရယ် ကျောင်းတို့တွင် သင်ကြားနေ သော အလယ်တန်းအဆင့် မြန်မာစာဘာသာရပ် သင်ကြားသင်ယူမှု အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
သော့ချက်ဝေါဟာရများ။ ။အွန်လိုင်း ဖက်ဒရယ်ကျောင်း၊ အလယ်တန်းအဆင့် မြန်မာစာ ဘာသာရပ် သင်ကြားမှု၊ Qualitative and Quantitative Research Methods
Reg No : NUG-MOE-BRT4-024
Authors – BRT4-21, BRT4-44, BRT4-45
Supervisors – Dr. Min, Tr. Peaceful
Abstract
The title of the study is barriers and overcoming strategies of nursing students. The study participants were nursing students attending ICNMTS over the 2021 to 2024 academic years. The aim of study is to analyse the barriers of nursing students during revolution and explore strategies hoe they overcome these barriers. The method of inquiry for this research is quantitative. Google form was used for data collection about some major barriers like internet access, technical problems, security, and mental stress. The study highlights the challenges students face, and how they overcome these with recourse to self-management as well as support from colleagues (other peers) and supervisors. This type of research can make a big difference in the learning experience of students.
Keywords: internet access, barriers, mental stress, strategies, overcome, self-management, support
Reg No : NUG-MOE-BRT4-025
Authors – BRT4-02, BRT4-14, BRT4-32, BRT4-37
Supervisors – Tr. Amara
စာတမ်းအကျဉ်း
ဤစာတမ်းသည် “နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် သုံးခုမှ CDM လှုပ်ရှားမှု၌ ပါဝင်ခဲ့ကြသည့် အခြေခံပညာကဏ္ဍမှ သက်ပြည့်အငြိမ်းစား ယူရန် နီးစပ်နေသော ဆရာကြီး ဆရာမကြီးများ၏ စိတ်ခံစားချက်များနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရသော အခက်အခဲများကို လေ့လာဆန်းစစ်ခြင်း” ကို လေ့လာတင်ပြထားပါသည်။ ဤစာတမ်းကို ပြုစုရသည့် ရည်ရွယ်ချက်မှာ သက်ပြည့်အငြိမ်းစားယူရန် နီးစပ်နေသော်လည်း CDM လှုပ်ရှားမှု၌ စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၏ စိတ်ခံစားချက်များကို စာနာနားလည် ပေးနိုင်စေရန်နှင့် အခက်အခဲများ ကို ကူညီဖြေရှင်းပေးနိုင်စေရန် ရည်ရွယ်ပါသည်။
သုတေသနမေးခွန်းမှာ နွေဦးတော်လှန်ရေးကာလအတွင်း သက်ပြည့်အငြိမ်းစား ယူတော့မည့် ဆရာကြီး ဆရာမကြီးများ၏ စိတ်ခံစားချက်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို မည်သို့ ကူညီဖြေရှင်း ပေးနိုင်မည်နည်း ဖြစ်ပါသည်။ သုတေသနနယ်ပယ်ကို စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် သုံးခုမှ များရှိ အခြေခံပညာကဏ္ဍမှ ဆရာကြီး ဆရာမကြီးများဟု သတ်မှတ် ပါသည်။
ဤပြဿနာကို ဖြေရှင်းရာတွင် Quantitative Method နှင့် Qualitative Method တို့ကို ပေါင်းစပ်ပြီး Mixed Method အသုံးပြု၍ လေ့လာတင်ပြထားပါသည်။ ဤစာတမ်းသည် သက်ဆိုင်ရာရပ်ရွာ၊ မြို့နယ်၊ တိုင်းဒေသကြီး အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကူ အညီ၊ အထောက်အပံ့ကောင်းများ ရရှိနိုင်ရန် မျှော်မှန်းပါသည်။
သော့ချက်ဝေါဟာရများ။ ။ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မြောင်မြို့နယ်၊ သက်ပြည့်အငြိမ်းစား၊ CDM လှုပ်ရှားမှု၊ စိတ်ခံစားချက်များ၊ အခက်အခဲများ၊
Reg No : NUG-MOE-BRT4-026
Authors – BRT4-4, BRT4-10, BRT4-11
Supervisors – Tr. May Khin
စာတမ်းအကျဉ်း
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်တွင် CDM (Civil Disobedience Movement) ကျောင်းသား/ ကျောင်းသူများ ၏ ပညာသင်ယူခွင့်ဆုံးရှုံးမှုမရှိ စေရန် CDM ဆရာ/ဆရာမ များ နှင့် မြို့နယ် ဘုတ်အဖွဲ့များ ပူးပေါင်း၍ အဆက်မပြတ် လေ့လာသင်ယူ နိုင်ရန် ကျောင်းများ ဖွင့်လှစ်ခဲ့ ပါသည်။ ကြားကာလ ပညာရေး တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန မှ အသိ အမှတ်ပြုသော မြေပြင်ကျောင်းများ နှင့် အွန်လိုင်းကျောင်းများကို အခက်အခဲအမျိုးမျိုးကြားမှ တည်ထောင်လာ ခဲ့ကြပါသည်။ ဤစာတမ်းသည် ကြားကာလပညာရေး တွင်တည်ထောင်ခဲ့ သော အွန်းလိုင်ကျောင်း များတွင် တစ်ကျောင်းအပါအဝင်ဖြစ်သော The Future Star အွန်လိုင်းကျောင်း ၏ ကြိုးပမ်း ဆောင်ရွက် ချက်ကိုလေ့ လာဆန်းစစ်သောစာတမ်း ဖြစ်ပါသည်။ သင်ကြား သင်ယူမူ များသည် အားသာချက်၊ အားနည်းချက်များ၊ အခက်အခဲများ၊ ကြိုးပမ်းဆောင်ရွက်မှု နှင့် အောင်မြင်မှု များကို ကြားကာလလွန် မြောက်သောအခါ အများပြည်သူ နှင့် အနာဂတ် မျိူးဆက်သစ် ကျောင်းသား ကျောင်း သူများ လေ့လာသိရှိ စေရန်ရည်ရွယ်ပါသည်။ သုတေသန မေးခွန်း များမှာကြားကာလ အတွင်း ဆရာ/ဆရာမများ၏ ကြိုးပမ်း အားထုတ်မူများ၊ ကျောင်းသား/သူ၊ ဆရာ/ဆရာမ များ တို့၏ ကြုံတွေ့နေရသော အတားအဆီးများ၊ အောင်မြင်မူများ၊ အကျိုးရလဒ်များရှိခဲ့ပါသလားဖြစ် သည်။ ကြားကာလအလွန်ကာလများတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ကိုးကားလေ့ နိုင်သော စာတမ်းတစ်စောင်ဖြစ်ပါသည်။။ ဤစာတမ်းကို Quantitative နှင့် Qualitative method ကိုအသုံးပြုထား ပါသည်။
သော့ချက်ဝေါဟာရများ။ ။ ကြားကာလ ပညာရေးကျောင်းများ၊ Future Star အွန်လိုင်း ကျောင်း၊ ပညာရေး အားသာချက်၊ အားနည်းချက်၊ ဖယ်ဒရယ် အွန်လိုင်းကျောင်းများ။
Reg No : NUG-MOE-BRT4-027
Authors – BRT4-22, BRT4-23, BRT4-26, BRT4-28
Supervisors – Tr. Oliva
စာတမ်းအကျဉ်း
ဤစာတမ်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်တစ်ခုအတွင်းရှိ ကြားကာလ မြေပြင်ပညာရေး ကျောင်းများ၏ ပညာရေး ဆောင်ရွက်မှုတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ကိုလေ့လာ ဆန်းစစ်သော စာတမ်းဖြစ်ပါသည်။ ဤစာတမ်းပြုစုရသည့် ရည်ရွယ်ချက်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဖွင့်လှစ်ခဲ့သော မြို့နယ်တစ်ခုအတွင်းရှိ ကြားကာလ မြေပြင် ပညာရေးကျောင်းများ၏ ပညာရေးအကောင် အထည်ဖော်ဆောင်ရွက်မှုတွင် သင်ကြား နည်းများ၊ ပညာရေးအပေါ် မျှော်မှန်းချက်များ၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင် မည့် နည်းလမ်းများကို သိရှိနားလည်စေရန် ဖော်ထုတ်တင်ပြခြင်း ဖြစ်ပါသည်။ ဤစာတမ်းတွင် မြို့နယ်အတွင်းရှိ ကျောင်း(၄) ကျောင်းကို ဆန်းစစ်တင်ပြပါသည်။ ထိုသို့ ဆန်းစစ်တင်ပြရာ တွင် အဆိုပါကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ စီဒီအမ်နှင့် စေတနာ့ဝန်ထမ်း ဆရာ/ဆရာမများ ထံမှ အချက်အလက်များကောက်ယူစုဆောင်း၍ တင်ပြပါသည်။ စာတမ်းအတွက် သုတေသန မေးခွန်းများမှာ (၁) ကြားကာလ ပညာရေးကျောင်း၏ အကောင်အထည် ဖော်မှုတွင် စိန်ခေါ်မှုများ နှင့် ထိုစိန်ခေါ်မှုများကို မည်သို့ဖြေရှင်းသနည်း၊ (၂) ရရှိလာသော အခွင့် အလမ်းများ ကို တန်းတူ ညီမျှ ရရှိနိုင်ရန် မည်သို့ အကောင်အထည် ဖော်လုပ်ဆောင်မည်နည်း။ ထိုသို့ ဖော်ထုတ်ရာတွင် Qualitative method နှင့် Quantitative method တို့ကို အသုံးပြု၍ လေ့လာတင်ပြပါသည်။ ဤစာတမ်းသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တစ်ခုအတွင်းရှိ မြေပြင်ပညာရေး ကျောင်းများ၏ ပညာရေးအကောင် အထည်ဖော် ဆောင်ရွက်မှုတွင် စိန်ခေါ်မှုများကို တာဝန်ရှိ သူများနှင့် ပူးပေါင်းဖြေရှင်းပေးနိုင်ရန် နှင့် ရရှိလာမည့်အခွင့်အလမ်းများကို တန်းတူညီမျှမှု ရရှိစေရန် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ ။ကြားကာလမြေပြင်ပညာရေးကျောင်းများ၏ဆောင်ရွက်မှု၊ စိန်ခေါ်မှု များနှင့် အခွင့်အလမ်းများ။
Reg No : NUG-MOE-BRT4-028
Authors – BRT4-13, BRT4-17, BRT4-41
Supervisors – Dr. Moon
Abstract
Promoting gender equality in and through education is central to advancing human rights. Conducting a gender-focused review of the existing curriculum is a crucial first step in assessing how it supports gender equality. The study aims to examine gender representation and language usage in the Grade 12 English textbook published by Ministry of Education, National Unity Government. To address this aim, there are three objectives:1) to investigate whether gender representation is equitable through the use of language, 2) to analyze differences in gender representation within illustrations and occupational roles, and 3) to evaluate whether males and females are fairly represented in the first position. To analyze the text, the evaluation criteria by Melesse and Mulugeta Yayeh (2020) were employed, especially in language use, illustrations, occupational roles, and the concept of firstness. In addition, the questionnaires were distributed to teachers who teach Grade 12 English textbook via online to explore how they perceive the current new text with regard to gender streaming. This study employed mixed method. For qualitative approach, data analysis was conducted in the content analysis. The result found that the way language is used can reveal subtle biases. Males and females are depicted in stereotypical roles. Males were described as leading role and higher position rather than females. As the pictorial representation, females were illustrated as equally as males. The teachers’ perspective is that to design a fair and balanced textbook, the gender stereotypes should be avoided and both genders should be depicted as equally skilled and self-reliant.
Keywords: gender representation, Language use, visual representation
Reg No : NUG-MOE-BRT4-029
Authors – BRT4-06, BRT4-38, BRT4-39
Supervisors – Saya Khin, Tr. ZM
စာတမ်းအကျဉ်း
ဤစာတမ်းသည် “အလယ်တန်းဆင့် အွန်လိုင်းသင်ကြားရာတွင် တွေ့ကြုံရသော အခက်အခဲ များကို ဆန်းစစ်လေ့လာအဖြေရှာခြင်း”စာတမ်း ဖြစ်ပါသည်။ ဤသုတေသနစာတမ်းတွင် နယ်မြေ စိုးမိုးမှုမရရှိသေးသည့်ဒေသများမှ ကျောင်းနေအရွယ်ကလေးများ အွန်လိုင်းမှပညာသင်ယူရာတွင် တွေ့ကြံရသောအခက်အခဲများနှင့် ဖြေရှင်းခဲ့ကြသည့် အတွေ့အကြုံများကို ဖော်ထုတ်တင်ပြမည် ဖြစ်ပါသည်။ ဤစာတမ်း၏ရည်ရွယ်ချက်မှာ နယ်မြေလုံခြုံမှုမရှိ၍ စိုးရိမ်ပူပန်မှုများရှိခြင်း၊ အသုံးပြုရမည့် Devices များလိုအပ်ခြင်း၊ အင်တာနက်လိုင်းမကောင်းခြင်း၊ ဒေတာကုန်ကျ စရိတ် များရှိခြင်း၊ လျှပ်စစ်မီးအခက်အခက်ရှိခြင်း၊ နည်းပညာအားနည်းခြင်း စသည့်အခက်အခဲများကို ဖြေလျော့၍ ထိရောက်ကောင်းမွန်သော ပညာသင်ကြားရေးကို ဖော်ဆောင်နိုင်ရန်အတွက် ထို အခက်အခဲများဖြေရှင်းနိုင်ရန်ရည်ရွယ်ပါသည်။ သုတေသနပြုရန် အချက်အလက်များကို အွန်လိုင်း ကျောင်းအချို့မှ အလယ်တန်းဆင့် ကျောင်းသားများနှင့် အလယ်တန်းဆင့်သင် ဆရာ/ ဆရာမများ ထံမှ ဂူဂယ်ပုံစံနှင့် နှုတ်မေးပုံစံ နှစ်မျိုးလုံးအသုံးပြီး ကောက်ယူ စုဆောင်းပါမည်။ ရရှိလာသော အချက်အလက်များကို စနစ်တကျ စုစည်းခွဲခြားစိတ်ဖြာ၍ ဆန်းစစ်လေ့လာ အဖြေရှာ နိုင်ရန် Mixed Method နည်းလမ်းများဖြင့် အသုံးပြုတင်ပြပါသည်။
သော့ချက်ဝေါဟာရများ။ ။အလယ်တန်းဆင့်၊ အွန်လိုင်းကျောင်း၊ အခက်အခဲများ၊ Mixed Method။
Reg No : NUG-MOE-BRT4-030
Authors – BRT4-09, BRT4-19, BRT4-30, BRT4-35
Supervisors – Tr. Hazel
စာတမ်းအကျဉ်း
ဤစာတမ်းသည် ဒသမတန်းနှင့် ဧကာဒသမတန်း ရူပဗေဒဘာသာရပ် အွန်လိုင်း သင်ကြားသင်ယူမှု တွင် ကြုံတွေ့ရသောအခက်အခဲများကို ဆန်းစစ်လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ ဤသုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ ကြားကာလ အွန်လိုင်းဖက်ဒရယ်ပညာရေးတွင် ရူပဗေဒဘာသာရပ် သင်ကြားသင်ယူမှုတွင် ဆရာ/မများနှင့် ကျောင်းသား/သူများ ကြုံတွေ့ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်လိုခြင်း ဖြစ်ပါသည်။ သုတေသနမေးခွန်းများမှာ (၁) ဒသမတန်းနှင့် ဧကာဒသမတန်း ရူပဗေဒဘာသာရပ် အွန်လိုင်းသင်ကြားမှုတွင် ဆရာ/မများကြုံတွေ့ရ သော အခက်အခဲများကား အဘယ်နည်း (၂) ဒသမတန်းနှင့် ဧကာဒသမတန်း ရူပဗေဒဘာသာရပ် အွန်လိုင်းသင်ယူမှုတွင် ကျောင်းသား/သူများကြုံတွေ့ရသော အခက်အခဲများကား အဘယ်နည်း (၃) ရူပဗေဒဘာသာရပ် အွန်လိုင်းသင်ကြားသင်ယူမှုတွင် ကျောင်းသားဗဟိုပြု ချဉ်းကပ်သင်ကြားသင်ယူမှု ဖြစ်စေရန် မည်သို့လုပ်ဆောင်သင့်သနည်း တို့ဖြစ်ကြပါသည်။ ကြားကာလအတွင်း ဖွင့်လှစ်သော အွန်လိုင်း ကျောင်းများရှိ ဒသမတန်းနှင့် ဧကာဒသမတန်း ရူပဗေဒဘာသာရပ် သင်ကြားသင်ယူနေကြ သော ဆရာ/မများနှင့် ကျောင်းသား/သူများထံမှ အချက်အလက်များကို ကောက်ယူခဲ့ပါသည်။ အချက် အလက်များကို ခွဲခြမ်းစိတ်ဖြာစိစစ်ရာတွင် Mixed Method ကို အသုံးပြု၍ ဖော်ထုတ်ပါသည်။ ဤသုတေသနပြုလုပ်ခြင်းအားဖြင့် ဒသမတန်းနှင့် ဧကာဒသမတန်း ရူပဗေဒဘာသာရပ် အွန်လိုင်း သင်ကြားသင်ယူရာတွင် ဆရာ/မများနှင့် ကျောင်းသား/သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိလာပြီး ဖြေရှင်းနိုင်မည့်နည်းလမ်းများ ရှာဖွေလာနိုင်ခြင်း၊ ကျောင်းသားဗဟိုပြုချဉ်းကပ် သင်ကြား နည်းဖြင့် ရူပဗေဒဘာသာရပ်အတွက် ကောင်းမွန်သော သင်ကြားသင်ယူမှုရလဒ်ကောင်းများ ပိုမိုရရှိ လာစေနိုင်ပါသည်။
သော့ချက်ဝေါဟာရများ။ ။ ဒသမတန်းနှင့် ဧကာဒသမတန်း၊ ရူပဗေဒဘာသာရပ်၊ အွန်လိုင်းသင်ကြား သင်ယူမှု၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ Mixed Method။
Reg No : NUG-MOE-BRT5-031
Authors – BRT5-02, BRT5-45, BRT5-46, BRT5-47
Supervisors – Tr. Kathi, Tr. Nadi
စာတမ်းအကျဥ်း
စစ်ကိုင်းတိုင်းရှိ မြို့နယ်တစ်ခု အတွင်းရှိ ၂၀၂၂ – ၂၀၂၄ ပညာသင်နှစ်အတွင်း အထက် တန်းအဆင့် သင်ကြားသင်ယူမှု ဆိုင်ရာ အကြောင်းအရာများကို လေ့လာဆန်းစစ်ပါမည်။ ဤစာတမ်းကို ရေးသားရခြင်း ရည်ရွယ်ချက်မှာ ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် စစ်အာဏာ သိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးတွင် ပါဝင်ခဲ့ကြသော ဆရာ၊ ဆရာမများသည် မိမိတို့၏ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေး အဆက်မပြတ်စေရန် CDM ဆရာ၊ ဆရာမများနှင့် Volunteer ဆရာ၊ဆရာမများက ဦးဆောင်၍ ကြားကာလပညာရေးကို ဖော်ဆောင်လိုသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ဤသုတေသနစာတမ်းတွင် အထက်တန်း အဆင့်ရှိ သင်ကြားသူ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ အချက်အလက် များကို ကောက်ယူထားခြင်း ဖြစ်ပါသည်။ ဤစာတမ်းကို ရေးသားရာတွင် လူတွေ့မေးမြန်းခြင်းဖြင့် အချက်အလက်များ ကောက်ယူခြင်း၊ စာကြည့်တိုက်နှင့် ဆောင်းပါးများမှ အချက်အလက်များ ကောက်ယူစုဆောင်း ပါမည်။ ဤကျောင်းကို ၂၀၂၂ခုနစ် မတ်လ ၁ရက်တွင် စတင်၍ မူလတန်းဆင့် မှတဆင့် အလယ်တန်းဆင့်၊ အထက်တန်း ဆင့်တို့ကိုဖွင့်လှစ် သင်ကြားခဲ့ခြင်းဖြင့် ကြားကာလ စဥ်ဆက်မပြတ် ပညာသင်ကြားရေးကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ သည်။ ဤစာတမ်းတွင် သုတေသနမေးခွန်းများမှာ (၁)အထက်တန်းကျောင်း ကြားကာလ ပညာ သင်ကြား ရေးတွင် ကျောင်းသား၊ ကျောင်းသူတို့၏ ပညာအရည်အချင်း တိုးတက်မှု မည်မျှအထိ အောင်မြင်မှု ရရှိခဲ့သနည်း။ (၂)အထက်တန်းကျောင်း ကြားကာလပညာ သင်ကြားရေး တွင် သင်ကြားသူ ဆရာ၊ဆရာမများသည် ကြုံတွေ့ရသော အခက်အခဲများ ကို မည်သို့အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ သနည်း တို့ဖြစ်ပါသည်။ ဤစာတမ်းမှတဆင့် ပညာရေးတာဝန်ရှိသူများနှင့် အထက်တန်း ကျောင်း တည်ထောင်သူ ဆရာ၊ဆရာမများသည် အခက်အခဲ များကြားက သင်ကြား သင်ယူမှု ပြုလုပ်ရာတွင် အောင်မြင် ထိရောက်အောင် လုပ်ဆောင်နိုင်သော နည်းလမ်းများ ရရှိနိုင်ပါ သည်။ ဆရာ၊ ဆရာမများ အတွက် စွမ်းရည်မြှင့် သင်တန်း များပေးခြင်း ဖြင့်လည်း လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များ တိုးပွားလာနိုင်မည် ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ ။အထက်တန်းကျောင်းသင်ကြားမှုစနစ်၊ CDM/ Volunteer ဆရာမများ နှင့်ကျောင်းသား၊ ကျောင်းသူများ၊ Interview method နှင့် mixed method
Reg No : NUG-MOE-BRT5-032
Authors – BRT5-10, BRT5-35, BRT5-39
Supervisors – Tr. Peaceful
စာတမ်းအကျဉ်း
ဤစာတမ်းသည် မကွေးတိုင်းအတွင်းရှိ မြို့နယ်တစ်ခု၏ မြေပြင်ပြည်သူ့ အခြေ ပြု အခြေခံပညာ ကျောင်းများမှ ကျောင်းတာဝန်ခံများ ရင်ဆိုင်နေရ သော စိန်ခေါ်မှုအခက်ခဲများကို လေ့လာစမ်းစစ် သော စာတမ်းဖြစ်ပါသည်။ မကွေးတိုင်းအတွင်းရှိ မြို့နယ်တစ်ခုတွင် မြေပြင် ပြည်သူ့အခြေ ပြု အခြေခံပညာကျောင်းများကို ၂၀၂၃ခုနှစ်မှ စတင်၍ ဖွင့်လှစ် သင်ကြားခဲ့ပါသည်။ ဤ သုတေသန စာတမ်းရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ မကွေးတိုင်း အတွင်းရှိ မြို့နယ်တစ်ခု၏ မြေပြင် အခြေပြု အခြေခံကျောင်းများမှ ကျောင်းတာဝန်ခံများ ရင်ဆိုင်ဖြေရှင်းနေရသော စိန်ခေါ်မှု အခက် အခဲများကို သိရှိနား လည်၍ ဝိုင်းဝန်း ကူညီအားဖြည့် ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော ပညာသင် ကျောင်းများ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ပါသည်။ သုတေသနမေးခွန်းများမှာ (၁) မြေပြင် အခြေပြု အခြေခံကျောင်းများမှ ကျောင်းတာဝန်ခံများ သင်ကြားရေးနှင့် ပတ်သက် ၍ မည်သည့် အခက်အခဲ များရင်ဆိုင်နေရ ပါသနည်း။ (၂) မြေပြင်အခြေပြု အခြေခံပညာကျောင်းများမှ ကျောင်း တာဝန်ခံ များ လုံခြုံရေးနှင့်ပတ်သက်၍ မည်သည့် အခက်အခဲများ ရင်ဆိုင်နေရပါသနည်း။ ၃. မြေပြင် အခြေ ပြု အခြေခံကျောင်းများမှ ကျောင်းတာဝန်ခံများသည် ရင်ဆိုင်နေရသော အခက်အခဲ များကို မည်သို့ ဖြေရှင်းကြသနည်း တို့ဖြစ်ပါသည်။ သုတေသနနည်းလမ်းအဖြစ် Qualitative Research Method ကို အသုံးပြု၍ ရေးသားမည် ဖြစ်ပါသည်။ မကွေးတိုင်းအတွင်းရှိ မြို့နယ် တစ်ခု၏ မြေပြင် ပြည်သူ့အခြေပြု အခြေခံပညာကျောင်းများသည် ယခုအချိန်တွင် ဇုံ (၄) ခုခွဲ၍ သင်ကြား ပေးနိုင် သည်အထိ တိုးတက် လာပြီ ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ ။အထက်တန်းကျောင်းသင်ကြားမှုစနစ်၊ CDM/ Volunteer ဆရာမများ နှင့်ကျောင်းသား၊ ကျောင်းသူများ၊ Interview method နှင့် mixed method
Reg No : NUG-MOE-BRT5-033
Authors – BRT5-18, BRT5-23, BRT5-37
Supervisors – Dr. Amara
စာတမ်းအကျဉ်း
ဤစာတမ်းသည် လူမှုကွန်ရက်စာမျက်နှာတွင် မတ်လ ၂၈ရက် ၂၀၂၅ ခုနှစ် မှ ဧပြီလ ၂၀၂၅ ခုနှစ် အထိ တွေ့ရှိရသော ငလျင်သတင်းထုတ် ပြန်ချက်များ ကို လေ့လာဆန်းစစ်သော စာတမ်းဖြစ်ပါ သည်။ စာတမ်း၏ရည်ရွယ်ချက်မှာ ဤသုတေသနစာတမ်း၏ ရည်ရွယ်ချက်မှာ လူမှုကွန်ရက် စာမျက်နှာများတွင် ပေါ်ထွက်ခဲ့သည့် ငလျင်သတင်းထုတ်ပြန်ချက်များကို စုဆောင်း၍ မှတ်တမ်း တင်ရန်၊ သတင်းရင်းမြစ် များ၏ ယုံကြည်စိတ်ချရမှုအဆင့်ကို သုံးသပ်ရန် သတင်းမှန်/မှား ခွဲခြားရန်နှင့် လူမှုကွန်ရက်အပေါ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ ပြန်မှု အကျိုးသက် ရောက်မှုကို လေ့လာတင်ပြရန် ရည်ရွယ် ခဲ့ပါသည်။ ဤသုတေသနတွင် အရည်အသွေးဆိုင် ရာ ခွဲခြမ်းစိတ်ဖြာမှု Qualitative Content Analysis ကို အသုံးပြုပြီး လူမှုကွန်ရက် စာမျက်နှာများ ဖြစ်သည့် ဒီဗွီဘီ၊ ကေအိုင်စီ၊ မဇ္ဈိမ၊ မြန်မာနောင်း နှင့် ဧရာ၀တီ တိုင်းစ် သတင်းဌာနများ ၏ သတင်းများအပေါ် အခြေခံ၍ ယင်းတို့မှ သတင်းပေးဖော်ပြ ထားခဲ့သော ငလျင် သတင်းများကို စုဆောင်းခဲ့ပါသည်။ ဤသုတေသန၏ ဆန်းစစ်လေ့လာမည့် သုတေသန မေးခွန်းများမှာ _ “ (၁)လူမှုကွန်ရက် စာမျက်နှာ များ (Social Media) မှတစ်ဆင့် ထုတ်ပြန် သည့် ငလျင် သတင်း ထုတ် ပြန်ချက်များသည် လူထုအား အရေးပေါ် တုံ့ပြန်မှုများကို ဆောင်ရွက်နိုင်ရန် အတွက် မည်မျှ ထိရောက် စွာ အကျိုးသက်ရောက်မှု များကို ပေးစွမ်း နိုင်သနည်း။ (၂) သတ်မှတ်ကာလအတွင်း လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့သော ငလျင် သတင်း များ၏ သတင်းရင်းမြစ်သည်မည်သည့် အမျိုး အစား ဖြစ်၍ မည်မျှအထိ ယုံကြည်စိတ်ချနိုင် သနည်း။ (၃) လူမှုကွန်ရက်အသုံးပြုသူများသည် ငလျင် သတင်းအပေါ် မည်သို့တုံ့ပြန်ကြသနည်း။ နှင့် (၄) မှန်ကန်သော ငလျင်သတင်းများနှင့် သတင်းမှားများအကြား မည်သို့ကွာခြားချက်ရှိပြီး သတင်းမှားက မည်သို့ပျံ့နှံ့ခဲ့သနည်း။” တို့ဖြစ်ပါ သည်။ ဤသုတေသနသည် ငလျင်ဘေး အန္တရာယ်များနှင့် ပတ်သက်၍ လွတ်လပ်သော သတင်း ဌာန များ၏ အခန်းကဏ္ဍ၊ လူမှုကွန်ရက်များ၏ သတင်းပေးပို့မှု အာရုံစိုက်မှု ကို သက်ရောက်စေပြီး၊ အနာဂတ်တွင် သဘာဝဘေးအန္တရာယ် အကြိုပြင်ဆင်မှုများ အတွက် အခြေခံအချက်အလက် တစ်ခု အဖြစ် အကျိုးသက်ရောက်စေမည် ဖြစ်သည်။
သော့ချက်ဝေါဟာရများ။ ။လူမှုကွန်ရက်စာမျက်နှာ၊ ငလျင်သတင်းထုတ်ပြန်ချက်များ၊ ဒီဗွီဘီ၊ ကေအိုင်စီ၊ မဇ္ဈိမ၊ မြန်မာနောင်းနှင့် ဧရာဝတီတိုင်းစ်။
Reg No : NUG-MOE-BRT5-034
Authors – BRT5-01, BRT5-15, BRT5-44
Supervisors – Tr. Hmway
စာတမ်းအကျဉ်း
၂၀၂၅ ခုနှစ် မတ်လ ၂၈ရက်ကဖြစ်ပွားခဲ့သည့်ငလျင်ကြောင့် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ အတွင်း တည်ရှိနေသည့် ပျဉ်းမနားမြို့သည် ထိခိုက်ပျက်စီး ဆုံးရှုံးမှုနှင့် သေဆုံးမှုများ များစွာ ကြုံတွေ့ခံစားခဲ့ရပါသည်။ ငလျင်နှင့်ပတ်သက်၍ စစ်ကောင်စီသည် သတင်းအချက်အလက် ကောက်ယူမှုများ၊ ပြည်သူလူထု၏ လှူဒါန်းမှုများအပေါ် စစ်ဆေးမေးမြန်းခြင်း၊ သတင်းဖော်ပြမှု များအပေါ်တား ဆီးခြင်း၊ ပရဟိတဆောင်ရွက်သူများကို ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်လျက် ရှိနေပါသည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်စဉ် အချက်အလက်များ နှင့် ပတ်သက်၍ ပျဉ်းမနားမြိုကို သုတေသနပြု ဖော်ပြထားခြင်းမျိုး မရှိကြ သေးပေ။ထိုကြောင့် ဤစာတမ်းသည် ပျဉ်းမနားမြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ကြောင့် ပြည်သူလူထု၏ ထိခိုက်ပျက်စီး ဆုံးရှုံးမှု၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ ငလျင်ဖြစ်ပွားပြီးနောက်ပိုင်းကယ်ဆယ်ရေး၊ ပြန်လည်ထူထောင် ရေး ဆောင်ရွက်မှု အခက်အခဲများ နှင့်ပတ်သက်သည့် အခြေအနေများကို သုတေသနပြုလုပ်၍ မှတ်တမ်းတင် ရေးသားရခြင်းဖြစ်ပါသည်။ သုတေသနဆောင်ရွက်ရာတွင် ပျဉ်းမနားမြိုနယ်အတွင်းရှိ အပျက်အစီးအဆုံးအရှုံးအများဆုံးနှင့် အသေအပျောက်အများဆုံး ဖြစ်ပွားခဲ့သည့်နေရာများကို ဆန်းစစ်လေ့လာမည် ဖြစ်ပါသည်။ ထိုသိုသုတေသနပြုလုပ် ဆောင်ရွက် ချက်များမှတဆင့် ပြည်သူ လူထုသည် ငလျင်နှင့် ပတ်သက်၍ အချက်အလက် များဖြစ်သည့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ၊ သေဆုံးမှုများ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ ငလျင်ဖြစ် ပွားပြီး နောက်ဆက်တွဲဖြစ်စဉ် ပေါ်ပေါက် နိုင်သည့် အခြေအနေများ စသည့်ငလျင် နှင့်ဆက်စပ် ပတ်သက်မှုများကို လေ့လာသိရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ပျဉ်းမနားတွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများမှတစ်ဆင့် ရရှိသမျှ အချက်အလက်များကိုစုဆောင်း၍ ငလျင်ဖြစ်စဉ်များ မပျောက်ပျက်စေရေး အတွက် မှတ်တမ်း တစ်ရပ်အဖြစ် ကျန်ရှိနေစေရန် သုတေသနပြုထားခြင်း ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ ။ ပျဉ်းမနားမြို့၊ ငလျင်၊ ၊ ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်၊သေဆုံး။
Reg No : NUG-MOE-BRT5-035
Authors – BRT5-11, BRT5-14, BRT5-22, BRT5-50
Supervisors – Tr. May Khin
စာတမ်းအကျဉ်း
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး အချိန်မှစ၍ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု များသည်တဖြည်းဖြည်း အကြိမ်အရေအတွက် များပြားလာခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် အတိုက်အခိုက် များအများဆုံး ဖြစ်ပွားခဲ့ သည်။ လေကြောင်းတိုက်ခိုက်မှုများသည် ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးဆိုင်ရာ အဆောက် အဦး နေရာများကို ပစ်မှတ် ထားတိုက် ခိုက်ခဲ့သည်။ ယခုစာတမ်းသည် လူမှုကွန်ရက်စာမျက်နှာ တွင် တွေ့ရှိရသော လေကြောင်း တိုက်ခိုက်မှု ဆိုင်ရာသတင်းထုတ်ပြန်ချက်များ ကို တစ်စုတစ်ဆည်း တည်း လေ့လာနိုင်ရန် နှင့် စစ်ကောင်စီ၏ လူသားချင်းစာနာမှုမရှိ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ် များကို နိုင်ငံတကာသိစေရန်ရည်ရွယ်၍ ရေးသားပြုစုရခြင်းဖြစ်သည်။ စာတမ်း၏နယ်ပယ်အကျယ် အဝန်းမှာ မေလ ၂၀၂၃ မှ ဧပြီလ ၂၀၂၄ အတွင်း လူမှုကွန်ရက်စာမျက်နှာများ (ပြည်တွင်း) တွင် ရေးသားခြင်း၊ လွှင့်တင်ခြင်း တို့တွင်တွေ့ရှိရသော သတင်းမှတ်တမ်းများပါဝင်သည်။ ၂၀၂၃ – ၂၀၂၄ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် စစ်ကောင်စီသည် လေကြောင်းတိုက် ခိုက်မှုများကို ပိုမို၍လွန်လွန် ကဲကဲအသုံးပြု လာခဲ့သည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဧပြီလအထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂,၄၇၁ ကြိမ် ဆောင်ရွက်ခဲ့သည်။ ဤတိုက်ခိုက်မှုများကြောင့် ၂၀၂၃ ခုနှစ်တွင် အနည်းဆုံး လူ ၆၁၃ ဦး သေဆုံးခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဧပြီလ အထိ လူ ၃၅၉ ဦး သေဆုံးခဲ့သည်။ အသုံးပြုသော သုတေနနည်းလမ်းများမှာ Literature Search Method နှင့် Quantitative Research Method တို့ဖြစ်သည်။ သုတေသနမေးခွန်းမှာ လူမှုကွန်ရက် စာမျက်နှာတွင် မေလ ၂၀၂၃ ခုနှစ် မှ ဧပြီလ ၂၀၂၄ ခုနှစ် အထိတွေ့ရှိရသော လေကြောင်းတိုက် ခိုက်မှု သတင်းထုတ်ပြန်ချက်များသည် ပြည်သူများအပေါ်မည်သို့ အကျိုးသက်ရောက်မှုရှိသနည်း (အချိန်နှင့် တပြေးညီခြင်း ထုတ်လွှင့်ခြင်း နှင့်အသေးစိတ် အချက် များပါဝင်မှု) နှင့် သတင်းတင်ဆက်သူ၏ ရည်ရွယ်ချက် အပေါ်မူ တည်၍ သတင်းအကြောင်း အရာအတိုင်း အတာ မတူသည့်အချက် တွေ့ရှိနိုင် ပါသလား တို့ဖြစ်သည်။ ကြားကာလအလွန် ကာလများ တွင်မျိုးဆက်သစ်ကျောင်းသား လူငယ်များ ကိုးကား လေ့ နိုင်သော စာတမ်းတစ် စောင်ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ လေကြောင်းတိုက်ခိုက်မှု၊ လူသားချင်းစာနာမှုမရှိခြင်း၊ ဘေးအန္တရာယ်များ။
Reg No : NUG-MOE-BRT5-036
Authors – BRT5-04, BRT5 -51, BRT5-53
Supervisors – Tr. Oliva
Abstract
This paper examines the actions taken by nursing graduates from the Interim Council of Myanmar Nursing Training Schools (NTS) who served on the front lines following the coup in February 2021. The purpose of this study is to explore the experiences of these nurses as they fulfill their responsibilities in their areas. Data will be collected from graduated nurses who participated in an interim education program provided by NTS. Both quantitative and qualitative methods will be employed. Quantitative data will be gathered using a structured questionnaire administered to (100) NTS graduates currently providing frontline healthcare. The survey will assess their experiences, including sources of stress, preparedness for providing care, and perceptions of organizational support. Qualitative data will be collected through interviews with (15) purposively selected graduates, focusing on their personal experiences, emotional responses, and professional growth during the early stages of their practice. The research questions are (1) What are the personal, emotional, and professional experiences of nurses working on the frontline? (2) What common challenges and stressors do frontline nurses encounter in their day-to-day roles? (3) How do frontline nurses cope with and resolve the challenges they face during their duties? Both data methods will be analyzed to gain a comprehensive understanding. NTS graduates face multiple challenges while serving on the frontlines. Strengthening educational programs, enhancing career development opportunities, and fostering supportive work environments are essential to help them thrive. The findings of this study will provide practical guidance for nursing educators and healthcare policymakers aiming to improve nurse retention and professional development.
Keywords: Frontline healthcare, Nurses graduates, Professional growth, Challenges, Quantitative and qualitative methods.
Reg No : NUG-MOE-BRT5-037
Authors – BRT5-27, BRT5 -36, BRT5-43
Supervisors – Dr. Moon
စာတမ်းအကျဉ်း
ဤစာတမ်းသည် မကွေးတိုင်းဒေသကြီး၊ မြို့နယ်တစ်ခု၏၊ မြေပြင် ပြည်သူ့အခြေပြု အထက်တန်း ကျောင်းများရှိ အထက် တန်းဆင့် ကျောင်းသား/ကျောင်းသူများ၏ ကြားကာလပညာရေးအပေါ် ထားရှိသော အမြင် သဘောထားများကို ဆန်းစစ်လေ့လာထားသော စာတမ်းဖြစ်ပါသည်။ ဤသုတေသန စာတမ်း သည် အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူများ၏ အမြင်သဘော ထား၊ တွေ့ကြုံရသော အခက်အခဲ၊ တင်ပြချက်များနှင့် အကြံပြုချက်များကို လေ့လာရန် ရည်ရွယ်ချက်ဖြင့် ပြုစုထားခြင်း ဖြစ်ပါသည်။ ဤစာတမ်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ် ရှိ မြေပြင် ပြည်သူ့အခြေပြု အထက်တန်းကျောင်း (၅) ကျောင်းရှိ အထက်တန်းဆင့် ကျောင်းသား /ကျောင်းသူများထံမှ အချက်အလက်များကောက်ယူတင်ပြပါမည်။ ဤစာတမ်းအတွက် သုတေ သနမေးခွန်းများမှာ (၁) အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူများသည် ကြားကာလ ပညာ ရေးကို မည်သို့ လက်ခံ သဘောထား ကြသနည်း။ (၂) အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူ များသည် ကြားကာလ ပညာရေးတွင် မည်သည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသနည်း။ ထိုသို့ ဖော်ထုတ်ရာတွင် Quantitative Method နှင့် Qualitative Method ကို အသုံးပြု၍ လေ့လာတင်ပြပါမည်။ ဤစာတမ်းသည် မကွေးတိုင်းဒေသကြီး၊ မြို့နယ်တစ်ခု၏၊ မြေပြင် ပြည်သူ့အခြေပြု အထက်တန်း ကျောင်းများ ရှိ အထက် တန်းဆင့် ကျောင်းသား/ကျောင်းသူ များ ၏ ကြားကာလပညာရေးအပေါ် ထားရှိသော အမြင် သဘောထားများ၊ ကြားကာလပညာရေး၏ အားသာချက်၊ အားနည်းချက်များကို သိရှိလာပြီး ကြားကာလပညာရေးကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ ။မြေပြင် ပြည်သူ့အခြေပြုကျောင်း၊ အထက်တန်းဆင့်၊ ကြားကာလ ပညာရေး၊ အမြင်သဘောထား၊ Quantitative Method နှင့် Qualitative Method။
Reg No : NUG-MOE-BRT5-038
Authors – BRT5-54
Supervisors – Tr. Hazel
စာတမ်းအကျဉ်း
ဤစာတမ်းသည် လူမှုမီဒီယာများတွင် ၂၀၂၄ ခုနှစ် မေလ မှ ၂၀၂၅ ခုနှစ် ဧပြီလအထိ တွေ့ရှိရသော လေကြောင်းတိုက်ခိုက်မှု သတင်းထုတ်ပြန်ချက်များကို လေ့လာဆန်းစစ်တင်ပြထားသော စာတမ်း ဖြစ်ပါသည်။ သုတေသနမေးခွန်းများအနေနှင့် ၂၀၂၄ ခုနှစ် မေလ မှ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း (၁) စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် မည်မျှရှိသနည်း (၂) ပြည်နယ်နှင့် တိုင်း ဒေသကြီးများအလိုက် လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် မည်မျှပြုလုပ်ခဲ့သနည်း (၃) လေကြောင်းတိုက်ခိုက်ရာတွင် မည်သည့်ယာဉ်အမျိုးအစားများကို အသုံးပြုခဲ့သနည်း (၄) လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အရေအတွက် မည်မျှရှိသနည်း တို့ဖြစ်ကြပါသည်။ လူမှုမီဒီယာများဖြစ်သော Mizzima၊ Khit Thit Media YouTube နှင့် Telegram Channel၊ Myanmar Now နှင့် VOA Burmese Facebook Page များမှ လေကြောင်းတိုက်ခိုက်မှု သတင်းထုတ်ပြန်ချက်များကို စုဆောင်းရယူခဲ့ပါသည်။ ရရှိလာသော သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာစိစစ်ရာတွင် Quantitative Method ကို အသုံးပြု၍ ဖော်ထုတ်တင်ပြထားပါသည်။ လေကြောင်းတိုက်ခိုက်မှု အချက်အလက်အထောက်အထားများကို စုဆောင်း၍ သေချာစနစ်တကျ ပြုစုထားရန် လိုအပ်သောကြောင့် ဤသုတေသနကို ပြုလုပ်ရခြင်းဖြစ်ပါသည်။
သော့ချက်ဝေါဟာရများ။ ။ လေကြောင်းတိုက်ခိုက်မှု၊ လူမှုမီဒီယာများ၊ ၂၀၂၄ ခုနှစ် မေလ မှ ၂၀၂၅ ခုနှစ် ဧပြီလအထိ၊ Quantitative Method၊ သေဆုံးမှုနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု
Reg No : NUG-MOE-BRT5-039
Authors – BRT5-06, BRT5 -17, BRT5-52
Supervisors – Dr. Lily
Abstract
Cardiopulmonary resuscitation (CPR) is a vital life-saving procedure that can significantly increase survival rates following sudden cardiac arrest. This study aims to assess the knowledge, attitudes for willingness related to CPR among Federal Online School teachers in Myanmar. This quantitative, descriptive, cross-sectional study employed a structured online questionnaire distributed to 100 online teachers, with 67 completing the survey. The questionnaire included 33 items addressing five sections: (a) demographic Profile (5) items (b) experience about CPR (7) items (c) Level of knowledge CPR (6) items (d) attitude for willingness to CPR both chest compression and mouth to mouth breathing (7) items (e) attitude for willingness to CPR only chest compression (8) items . A self-administered questionnaire developed based on the 2020 American Heart Association (AHA) guidelines. Results revealed that 79% of participants had witnessed a cardiac arrest and 94% had attempted CPR, yet only 2% had received formal CPR training. Analysis of the overall CPR knowledge level revealed a significant deficit,only 18% and according to the international standards for knowledge below 50% is a low level of Knowledge.In addition, expressed a strong willingness to perform CPR in emergencies. Reported barriers included limited time, restricted access to training, and lack of awareness of available programs. However, the study participants showed a positive attitude towards performing CPR. The study revealed that they were more inclined to provide hands-only CPR than standard CPR.These results highlight the urgent need to incorporate CPR education into teacher professional development and to expand accessible online training initiatives. Enhancing teachers’ CPR competence can significantly improve school safety and strengthen community emergency preparedness in Myanmar.
Keywords: Attitude willingness, Cardiopulmonary resuscitation (CPR) ,Federal Online School, Knowledge , Training experience.
Reg No : NUG-MOE-BRT5-040
Authors – BRT5-07
Supervisors – Dr. Min, Tr. Peaceful
Abstract
This study aims major information sources, information processing behaviour, accessibility and usage pattern of ICT tools and technologies, readiness to use ICT tools and technologies among farmers of Myanmar. The study was carried out in four purposefully selected villages in Yin Mar Bin Township and Palae Township within Sagaing division. Information has crucial roles for all agricultural activities, and therefore information is the key component of agricultural development. Although they get assistance from fellow farmers, parents, extension officers, and personal experience, their level and skills in using modern technologies in accessing agricultural information are not at a satisfactory level. Lack of information services, lack of financial support, and inadequate number of extension staffs, not easily accessible information, and lack of awareness to information sources etc. were the major problems in accessing agricultural information properly. The study can be helpful to researchers, policy makers, academia etc. to design suitable information mix for farmers of Myanmar.
Keywords: Digital divide, Yin Mar Bin, Palae, Sagaing, ICT
ဆက်သွယ်ရန် အီးမေးလ်လိပ်စာ
researchanddevelopment@moemyanmar.org


